80.8K 3.2K 293
⚠️ ဒီ story ကိုဆက်မဖတ်ခင် အရင်ပြောပြချင်တာကတော့ ဒါက YiZhan အကြောင်းရေးထားတာမဟုတ်ပါဘူး။ The Untamed နဲ့လဲ လားလားမျှမဆိုင်ပါဘူး။ အဲ့ ၂ ခုကိုမျှော်မှန်းပြီးလာဖတ်တာဆိုရင်တော့ လာရာလမ်းအတိုင်း လှည့်ပြန်သွားကြပါ။
⚠️Mo Dao Zu Shi novel နဲ့ Donghua(anime) ကိုသာ ရည်ညွှန်း inspire ယူပြီး ရေးထားခြင်းသာဖြစ်ပါတယ်။
" ဟပ်ချိုး!"
ဝေ့ဝူရှန့်တစ်ယောက် အပြင်းအထန် နှာချေမိသွားကာ စိတ်ဓာတ်ပင်ကျသွားရသည်။ တစ်ကိုယ်လုံး ပူလိုက်အေးလိုက်ခံစားနေရသည့်အပြင် ခေါင်းထဲလဲ နောက်ကျိကျိ။ သူ့အရင်ဘဝက ခန္ဓာနဲ့ဆို ဝိဉာဉ်စွမ်းအားမြင့်တာကြောင့် ဖျားနာခဲသည်။ အခုတော့ ဒီခန္ဓာရှင် မိုရွှမ်းယွီသည်ကား အားနွဲ့သူ မောင်ရှင် ဖြစ်သည့်အလျောက် မိုးမိရုံလေးနဲ့ဖျားသွားတာ မဆန်းပေ။
ခါတိုင်းကဲ့သို့ တိမ်ဆိုင်းနန်းမြင့်သာတစ်ခွင် ရွာရိုးကိုးပေါက်လျှောက်သွားလို့လည်း မရ။ လန်ပေါက်စလေးများတစ်သိုက်နှင့်လဲ ထိုင်အတင်းတုပ်ခွင့်မရှိ။ ယုန်ကလေးများနဲ့ ကလူကျီစယ်ဖို့ရာလဲ ချမ်းအေးလှသည့် ဆောင်းကာလတွင် ဖျားနာနေသည့် ဒီခန္ဓာကခွင့်မပြု။ အဆိုးတကာ့ အဆိုးဆုံးသည်ကား လန်ဝမ့်ကျီးသည် သူ့အား ယနေ့အဖို့ ကျင်းရှီဆောင်မှ အပြင်ထွက်ခွင့်ပိတ်ထားသည်ပင် ဖြစ်သည်။ ဝေ့ဝူရှန့်မည်သည်ကား အချိန်ရှိသရွေ့ ဖင်ငြိမ်နေတတ်သူလဲ မဟုတ်သည်မို့ ဤသို့ဖျားနာခြင်းက သူ့အတွက် ငိုချင်စိတ်ပင်ပေါက်မိစေသည်။ လန်ဝမ့်ကျီး၏ အမိန့်အတိုင်း မနက်အိပ်ရာနိုးကတည်းက ကျင်းရှီဆောင်အတွင်း ကုတင်ပေါ်တွင် စောင်ခြုံကာကွေးနေရခြင်းပင်။
ယခင်က စိတ်အရှိအတိုင်းဆိုလျှင် ဝေ့ဝူရှန့်သည် အမိန့်နာခံတတ်သူ လိမ္မာယဉ်ကျေး ချိုသာမွှေးလေး မဟုတ်ပေ။ သေချာပေါက် အထွန့်တက်ရင် တက်.. မတက်ရင် အမိန့်ကိုဆန့်ကျင်မိမှာပင်။ ယခုအချိန်တွင်ကား သူသည် လန်ဝမ့်ကျီး၏ ကျင့်ကြံဖော် လက်တွဲသူ (cultivation partner)ဖြစ်သည်သာမက လန်ဝမ့်ကျီးက မိမိကို အရာရာတွင် အလိုလိုက်ပေးသကဲ့သို့ ဝေ့ဝူရှန့်ကိုယ်တိုင်ကလဲ သူ့ပြောစကားများကိုလဲ နားထောင်ချင်သည်။
MDZS one shotများ Where stories live. Discover now