48.3K 2.7K 83
Grab your tissues.
.
.
.
.
" ဒါ ပင်မခန်းမဆောင်လား ? "
တိမ်ဆိုင်းနန်းမြင့်သာရှိ ပင်မခန်းမဆောင်၏ ဝင်ပေါက်ရှေ့ ရပ်နေရင်း ဝေ့ဝူရှန့်ကလှည့်ပတ်ကြည့်မိသည်။ ခန်းမဆောင်အပြင်ဘက်တွင်တော့ ခါတိုင်းကဲ့သို့ စာအုပ်ပိုက်ကာ ဟိုဟိုဒီဒီ သွားလာနေသော လန်ဂိုဏ်းသားငယ်လေးများလည်း မတွေ့ရပေ။ ယုတ်စွအဆုံး ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိ။ ကောင်းကင်က အနည်းငယ်အုံ့မှိုင်းကာ နေရောင်ကွယ်ပျောက်နေလေသည်။
" ကန့်ကွက်လိုတဲ့သူရှိလား ?!! "
ခန်းမဆောင်အတွင်းက ဟိန်းထွက်လာတဲ့ အသံကြောင့် ဝေ့ဝူရှန့် အဆောင်ထဲသို့ဝင်လိုက်သည်။ ပုံမှန်ဆို ဒီခန်းမဆောင်က လန်ဂိုဏ်း၏အရေးကြီးကိစ္စများသာ ကျင်းပလေ့ရှိတာကြောင့် ဝေ့ဝူရှန့်က ခြေဖျားပင် လှည့်လေ့မရှိ။ မရှိဆို ဤဖေကိုယ်ဆိုသည်မှာလည်း အရင်ဘဝကတည်းက လူတိုင်းရိုက်သတ်ချင်စရာ ချစ်စဖွယ်အချဉ်ဖတ်လေးကိုး။ လူစည်စည်လုပ်တဲ့ ပွဲတွေနဲ့ ဝေ့ဝူရှန့်နဲ့ သိပ်ကီးကိုက်လှတာမဟုတ်ပေ။ သို့သော်ငြား သူ့စပ်စုချင်စိတ်ကလေးက အငြောင့်ပေါက်လာတာမို့ ခန်းမဆောင်အတွင်း တစ်လှမ်းချင်းလျှောက်လာမိသည်။
အတွင်းပိုင်းအပြင်အဆင်က ရှင်း၍ ထည်ဝါသည်။ သို့သော်ငြား မှိုင်းပျရီဝေသော အငွေ့အသက်ဖုံးလွှမ်းနေသည်ဟုခံစားရသည်။ ပြတင်းပေါက်များပိတ်ထားသဖြင့် အနည်းငယ်မှောင်နေတာကြောင့် အရှေ့ကတွေ့ရတဲ့ အလင်းရောင်ဆီ လျှောက်လာရင်း ဝေ့ဝူရှန့် အနည်းငယ်အံ့သြသွားသည်။ အဆောင်၏ အတွင်းဘက်အကျဆုံးနေရာတွင် လန်ဂိုဏ်းသားငယ်လေးများ စုဝေးနေကာ အကုန်လုံးပင်တိတ်ဆိတ်ငြိမ်သက်လျက်။ မည်သူမျှ စကားတစ်ခွန်းမဆို။
ပုံမှန်အားဖြင့် လန်ဂိုဏ်းသားငယ်လေးများသည် ကျွတ်စီကျွတ်စီညံတတ်သော သူများမဟုတ်သော်လည်း ယခုတိတ်ဆိတ်ခြင်းကမူ အတော်ကြီး သိပ်သည်းနေကာ ဝေ့ဝူရှန့်လိုလူပင် နေရထိုင်ရကျဉ်းကျပ်လာသလို။ လန်ဂိုဏ်းသားလေးများအားလုံးပင် အရှေ့ဘက်ကတစ်စုံတစ်ရာကို စုဝေးကာကြည့်နေကြတာကြောင့် ဝေ့ဝူရှန့်ကလည်း သူတို့ကိုပတ်ကာ အရှေ့ရောက်အောင် တိုး၍ကြည့်မိသည်။
MDZS one shortများ Where stories live. Discover now