39.2K 2.9K 321
" ဒါဘာဖြစ်ရပြန်တာတုန်း "
ကျန်းချန်သည် လေ့ကျင့်ရေးမှူးဆီမှ တင်ပြလာသော ပေလွှာများကို စစ်ဆေးနေစဉ် ပေါ်တော်မူသကောင့်သား ဝေ့ဝူရှန့်သည် ဘောက်ဆတ်ဘောက်ဆတ်ဖြင့် အဆောင်ထဲဝင်လာသည်တည့်။
ဝေ့ဝူရှန်းသည် ပုံမှန်အားဖြင့် လအများစုကို ကုစူးတွင်သာ နေလေ့သဖြင့် ယွင်မုန့်သို့ လာလည်သည်ဆိုပါက တစ်စုံတစ်ရာ ထူးခြားသောအကြောင်းကြောင့်ပင်ဖြစ်သည်။
ယခုအကြိမ်တွင်ကား အလွန့်အလွန်ကို ထူးခြားသောအကြောင်းပြချက်ရှိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တစ်စက်ကလေးမှ အငြိမ်မနေတတ်ပါသော ဝေ့ဝူရှန့်သည် ယခုတွင်မူ သူမေးတာလည်းပြန်မဖြေပါဘဲ ကြမ်းပြင်ကိုစိုက်ကြည့်လျှက် မျက်နှာကြီးသုန်မှုန်နေသောကြောင့်ဖြစ်သည်။ ကျန်းချန်သည် သူ့ရှေ့တွင် ထိုင်နေသော ဝေ့ဝူရှန့်မျက်နှာကို အကဲခတ်ရင်း လက်ထဲမှ ပေလွှာကို ချလိုက်သည်။
" ခုပြောလို့ရပြီလား "
ကျန်းချန်က အစဖော်ပြီး လမ်းကြောင်းပေးတော့မှ ဝေ့ဝူရှန့်သည် မျက်လုံးစုံမှိတ်ပြီး ပြောချလာတော့သည်။
" လန်ကျန့်နဲ့ ငါရန်ဖြစ်တယ်။ "
" ဟမ် "
အမြဲတစေ ချစ်ရည်လူး မြူးထူးနေသော အချစ်ငှက်နှစ်ကောင်က ရန်ဖြစ်သည်ဆိုတော့ ကျန်းချန်အံ့သြလွန်းအားကြီး၍ မျက်ခုံးတောင်ပင့်သွားရသည်။ ပိုထူးဆန်းတာက ပြဿနာကောင်ဝေ့ဝူရှန့်နဲ့ ပြိုင်ပြီး ဟန်ကွမ်ကျွင်းက ရန်ဖြစ်သတဲ့လား။ ဒါဘာလဲ။ ဟိုတုန်းကလို ၁၅နှစ်သားကလေးတွေလား။
" လွန်ခဲ့တဲ့ နှစ်ရက်က လန်ကျန့်နဲ့ ငါနဲ့ ညခင်းတောလိုက်ထွက်ကြတယ်။ ငါတို့နဲ့ပါလာတဲ့ လန်ဂိုဏ်းသားလေးတစ်ယောက်က ခန္ဓာအပူးခံရတယ်ကွာ။ မင်းလည်းသိတာပဲ။ ငါက ကိုယ့်ရှေ့တစ်ယောက်ယောက် ဒုက္ခရောက်နေရင် ငြိမ်နေနိုင်တာမဟုတ်ဘူး။ အဲ့တာ ငါဝင်ကယ်လို့ ပြဿနာက ပြီးသွားပေမယ့် မိုရွှမ်းယွီရဲ့ ခန္ဓာဝိဉာဉ်စွမ်းက နိမ့်တော့ ငါတစ်ရက်လောက် သတိမေ့သွားရော။ ငါပြန်နိုးလည်းနိုးလာရော လန်ကျန့်က ငါ့ကိုဆူတယ်။ "
MDZS one shortများ Onde histórias criam vida. Descubra agora