part 25

6.1K 451 23
                                    

" အဲ့ဒီ​နေ့က မင်းအ​မေရဲ့​မွေး​နေ့ . . . ဘယ်​​လောက်​ပဲမချစ်​ပါဘူး​ပြော​ပြော . . . ကိုယ့်​ရင်​​သွေးကို​မွေး​ပေးခဲ့တဲ့သူမို့လို့
သံ​ယောဇဉ်​ ​​က​တော့ရှိတာ​ပေါ့ ။

သူ့ရဲ့​မွေး​နေ့အတွက်​ ကိတ်​နဲ့ပန်းစည်း ပြင်​ဆင်​ထားတဲ့ဆိုင်
မှာ အချစ်​ဦးနဲ့​ အမှတ်​မထင်​ ​တွေ့ခဲ့တယ်​ . . .  "

Flashback . . . .

" ကိုမင်း ဒီကိုဘာလာလုပ်​တာလဲ "

" ကိုယ့်​ဇနီးအတွက်​ ကိတ်​နဲ့ပန်းစည်း မှာထားတာမို့ လာယူ
တာ ။ နှင်း က​ရော ဘာလာဝယ်​တာလဲ "

" ဒီဆိုင်​က နှင်း ပိုင်​တဲ့ ဆိုင်​​ခွဲ​တွေထဲကတစ်​ခု​လေ ကိုမင်း
ရဲ့ . . . ဟင်းဟင်း ကြည့်ရတာ မိန်းမရသွား​တော့ အရင်
အချစ်​​ဟောင်းနဲ့ပက်​သတ်​သမျှ ​မေ့ပြစ်​လိုက်​ပြီ ထင်​ပါရဲ့ "

" ကိုယ်​​တောင်းပန်​ပါတယ်​ "

" တကယ်​​တောင်းပန်​ချင်​တာလား . . . နှင်းကို​လေ "

" အင်း "

" အဲ့ဒါဆို ကိုမင်း ​မိန်းမကိုကွာပြီး နှင်း ဆီကိုပြန်​လာခဲ့​ပေး
နိုင်​မလား "

" နှင်း ! "

" အကယ်​၍ ကိုမင်း မိန်းမ ဒီ​လောကထဲမှာမရှိ​တော့ရင်
ရော . . . ကိုမင်း နှင်း ဆီကို ပြန်​လာမှာလား "

" ကိုယ်​ . . . "

" ခဏ ! အခုန ​မေးခွန်းကို​ဖြေစရာမလို​တော့ဘူး
ဒါ​ပေမယ့်​ အဲ့အစား အခု​မေးမယ့်​​မေးခွန်းကို ​သေချာ
ဖြေ​ပေးပါ

နှင်းကို အရင်​လိုချစ်​​သေးလား "

" အင်း ကိုယ်​ နှင်းကို အခုထိချစ်​​နေဆဲပါ ဒါ​ပေမယ့်​ . . . "

" ရှူး ! အဲ့ဒါဆို ​နောက်​ဆုံးအကြိမ်​အဖြစ်​ ကိုမင်း ကို
ပွေ့ဖက်​ခွင့်​​ပေးနိုင်​မလား . . . တကယ်​​နောက်​ဆုံးအကြိမ်
ပါ "

ဘာစကားမှမ​ပြော​တော့ပဲ အ​ရှေ့မှာရှိ​သည့်​ အချစ်​ဦးဖြစ်
သူ နှင်း ကို​ပွေ့ဖက်​လိုက်​သည်​ ။

" ​ကိုယ့်​ကို ခွင့်​လွှတ်​​ပေးပါလို့ မ​တောင်းဆို​တော့ပါဘူး နှင်း
ရယ်​ . . . ဒါ​ပေမယ့်​ ကိုယ့်​အ​ပေါ်​ကောင်းတဲ့ ဇနီးကို သစ္စာမဲ့
မယ့်​ လုပ်​ရပ်​မျိုး​တော့ ကိုယ်​မလုပ်​နိုင်​လို့ပါ

OLDFLAME ( Completed) Where stories live. Discover now