Hyungရဲ့ကလေးဆိုးလေး
chansoo and sebaek
part-7ကျောင်းဆင်းချိန်ရောက်သောအခါyeolက sehunကိုအိမ်လိုက်ပို့ပေးပြီးနောက်ပစ္စည်းဝယ်စရာရှိ၍marketသို့ထွက်ခဲ့သည်။ဝယ်စရာရှိရာဝယ်ပြီးနောက်အိမ်ပြန်ရန်ပြင်လိုက်စဉ်မြင်လိုက်ရသောမြင်ကွင်းတစ်ခုကြောင့်ရင်ထဲဆို့နင့်သွား သည်။
sooသည်ကောင်မလေးတစ်ယောက်၏လက်ကိုဆွဲကာနှစ်ယောက်သားပျော်မြူးနေသည်။yeolတစ်ယောက်ထိုမြင်ကွင်းကိုဆက်မကြည့်နိုင် သောကြောင့်အိမ်သို့သာအမြန်ပြန်ခဲ့လိုက်သည်။
sooကတော့ဘာမှမသိဘဲကောင်မလေးနှင့်
လျှောက်လည်ကာပျော်နေသည်။yeolလည်းအိမ်ရောက်သည်နှင့်အခန်းထဲဝင်ကာ အိပ်ရာပေါ်လှဲချလိုက်သည်။မျက်လုံးထဲတွင် ကောင်မလေးတစ်ယောက်နှင့်ပျော်နေသောsoo၏ပုံရိပ်ကိုမြင်ယောင်လာရာရင်ထဲဆစ်ခနဲနာသွားကာမျက်ရည်များဝဲလာသည်။
yeol-sooကရည်းစားများတာသိသားနဲ့ဘာလို့ဒီလောက်ခံစားနေရတာလဲကွာ။ဒီလောက်လေးတောင်ခံနိုင် ရည်မရှိတော့ဘူးလား။sooဆီကအချစ်ပြန်ရဖို့မ ဖြစ်နိုင်မှန်းသိရက်နဲ့ဘာလို့များမျှော်လင့်ချက်တွေထားနေရတာလဲyeolရာ။မင်းတော့ရူးနေပြီ။
yeolတစ်ယောက်မိမိကိုယ်ကိုပြောပြီးမျက်လုံးကို မှိတ်ချလိုက်ရာမျက်ရည်တစ်စက်ကျဆင်းသွား သည်။sooကတော့တစ်ညနေလုံးလျှောက်လည် ပြီးနောက်အိမ်သို့ပြန်ခဲ့သည်။အိမ်ရောက်တော့ ရေမိုးချိုးထမင်းစားပြီးသောအခါနေ့လယ်ကလည်ခဲ့သည်ကိုပြန်မြင်ယောင်ရင်းပျော်ရွှင်စွာအိပ်ပျော်သွား ခဲ့သော်လည်းကောင်လေးတစ်ယောက်က တော့ကြေကွဲစွာအိပ်ပျော်သွားခဲ့သည်။မနက် ရောက်သော်yeolကsooကိုခေါ်၍ကျောင်းသို့ လမ်းလျှောက်လာသည်။
yeol-sooကို့ကိုhyungလို့မခေါ်ချင်ဘူးလား။ကိုက sooထက် ကြီးတယ်လေ။
soo-မခေါ်ချင်ပါဘူး။
yeolလည်းsoo၏စကားကြောင့်ဝမ်းနည်းသွား သည်။
yeol'pov-sooရယ်ကို့ကိုhyungလို့တောင်မခေါ်ချင်ဘူးတဲ့လား။sooဆီကအချစ်တွေမရနိုင်မှန်းသိပေ မယ့်sooဆီကကို့ကိုhyungလို့ခေါ်သံကိုကြားချင်တာတောင်မဖြစ်နိုင်ဘူးလား။မျှော်လင့်လို့မရဘူးလားကွာ။
YOU ARE READING
Hyung ရဲ့ကလေးဆိုးလေး [complete]
Fanfictionကျွန်တော့်ရဲ့ဒုတိယမြောက် ficလေးပါ။chansoo and sebaek yaoiပါပဲဗျ။ဒီတခါအရင်လို three shot မဟုတ်ပဲအပိုင်းရှည်ရေးကြည့်တာပါ။အားပေးကြပါဦးဗျ။