လေပြေ

9.4K 880 20
                                    

"အိုင်ယိုး ကျဲဝမ်" ကုန်းကုန်းကွကွနဲ့ဝင်လာတဲ့
ကိုယ်လုပ်တော်ယု

"ဘာဖြစ်လာတာလဲယု အဆင်ပြေခဲ့လား" အေးဆေးတည်ငြိမ်စွာ ရေနွေးကြမ်းသောက်မြဲဆက်သောက်နေတဲ့ကျဲဝမ်

ကျဲဝမ် သူမဟာစစ်သူကြီးနဲ့ ဘုရင့်ညီမရဲ့သမီး  သူမအဖေကဘုရင့်ရဲ့သစ္စာတော်ခံပေါ့ လီမင်နဲ့ငယ်ငယ်လေးတည်းကကစားဖော်ကစားဖက် သူမမှာလဲမင်းသမီးဘွဲ့ရှိတယ်

မိဖုရားကြီးက မိန်းကလေးတွေကိုချစ်တာက ကျဲဝမ်အတွက်အခွင့်အရေးဖြစ်ခဲ့တယ်

ငယ်ငယ်လေးကလီမင်ဟာအရမ်းကိုဖြူစင်ပြီး ကျဲဝမ်ကိုလဲအရမ်းချစ်တယ် အရွယ်လေးလဲရောက်လာရော လီမင်ဟာတအားဆိုးသွမ်းသွားတယ်

အရက်သောက်တယ် မကောင်းတာမှန်သမျှအကုန်လုပ်တယ် အဆိုးဆုံးကမိန်းမတအားလိုက်စားတယ် ကိုယ်လုပ်တော်များစွာထဲမှာ ယုဆိုတာကလဲ ကျဲဝမ်ရဲ့ညီမဝမ်းကွဲပေါ့

ကျဲဝမ်နဲ့လီမင်မင်္ဂလာကိစ္စကိုလူကြီးတွေစီစဉ်တုန်းက ကျဲဝမ်းအရမ်းပျော်ခဲ့တယ် ဒါပေမယ့် မင်းကြီးရှေ့မှာဘဲ လီမင်ကငြင်းခဲ့တယ်

"ကျနော် လွတ်လွတ်လပ်လပ်နေချင်ပါတယ်" တဲ့လေ

လီမင်မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ်လုပ်တော်မြှောက်တယ် မြှောက်တိုင်းလဲကျဲဝမ်က အမြဲကိုယ်လုပ်တော်တွေကိုဖိနိုပ်တယ်

"ငါကလွဲလို့ လီမင်ကိုဘယ်သူမှမပိုင်ရဘူး"

.......

"ကျဲဝမ် ဝံပုလွေမက သိပ်အဆိပ်ပြင်းတာဘဲသိလား"

"သူမသေပြီလား"

"မသေဘူး ယုတို့အစီအစဉ်နည်းနည်းလွဲသွားတယ်"

"ငတုံးမ!"

"ခွမ်း"ကျဲဝမ်းရဲ့လက်ဖက်ရည်ခွက်ကအပိုင်းပိုင်းအစစကွဲကြေသွားတယ်

"နင်ဟာလေ ငါဒီလောက်သင်ပေးထားတာတောင် ခုထိလွဲသေးတယ်နော်"

"မှားသွားပါတယ်ကျဲဝမ်ရယ် ဒီတစ်ခါခွင့်လွတ်ပေးပါနောက်မဖြစ်စေရပါဘူး"

"အဲ့တော့ နင်ကသူရဲ့ကိုယ်ရံတော်ဆီမှာအကန်ခံရတယ်ပေါ့"

"ဟုတ်"

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now