•December•
အခုဆို
မင်းရဲ့ မျက်တောင်ဖျားလေးပေါ်တည်ရှိနေတာက
ကိုယ်စိတ်ကူးယဉ်ခဲ့ဖူးတဲ့Decemberပေါ့။
ဆောင်းရွက်ကြွေတွေ
ခရစ်စမတ်သစ်ပင်ပေါ်က ခေါင်းလောင်းတွေ
ဖြူဖွေးဖွေး နှင်းပွင့်လေးတွေနဲ့
မင်းဆီကရောက်လာမယ့်ဆုတောင်းစာတွေ
မင်းလက်ကလေးကို အသေအချာ ဆုပ်ကိုင်ရင်း
မျှဝေလိုတဲ့နွေးထွေးမှုတွေ။
အိမ်မက်တွေ အများကြီး မက်ရင်း
December ကိုဒီလို ပုံဖော်ထားခဲ့ဖူးတယ်။*ကျန်းမာရေး ဂရုစိုက်။
ကျေနာ်လည်း ခင်ဗျားကို လွမ်းနေပါတယ်။
ဒီမှာတော့ သိပ်မအေးဘူး။
စာမကျက်ဘူးလား
စာမေးပွဲနီးနေပြီလေ
ကြည့်လိုင်းသုံးနေပြန်ပြီ
အိပ်တော့ ညနက်နေမယ်*
အရင်လိုသာ အဆင်ပြေနေခဲ့ရင်သိပ်ကိုပျော်စရာကောင်းမယ့်ဆောင်းရာသီပေါ့ကလေးရယ်။ဘာပဲဖြစ်ဖြစ်Merry Christmasပါလို့တော့
ပြောဖြစ်အောင်ပြောမယ်လို့ ကိုယ်တွေးထားတယ်။ဒီလိုနဲ့ပဲ...
မီးစိမ်းလေးကိုငေးရင်း
ကိုယ့်ရဲ့နှင်းပွင့်လေးတွေ
သူတို့ အရည်ပျော်ကုန်ကြတယ်။
ကိုယ့်ကို အရေးမစိုက်ပေမယ့်
မင်းကိုယ်မင်းတော့ ဂရုစိုက်စေချင်တယ်။
နွေးနွေးထွေးထွေးေနနော်။အင်း...ပြီးတော့...
ဘယ်လိုပြောရမလဲ
မင်းကို ချစ်တယ်။