"Rai!!!!!!!! "
"ခေါ်ပါသလား သခင်"
"မင်းကဘယ်ရောက်နေတာလဲ"
"ကျွန်တော် ပန်းခြံထဲရောက်နေတာပါ"
"ဒီည သွားစရာရှိတယ် ၇နာရီအပြီး
မင်းပြင်ဆင်ထားပါ"သခင်က Baby လို့တောင်မခေါ်တော့ဘူးနော်
ငါကကျွန်ဘဲ သခင်ကအမြဲမကြင်နာပေးတာ
မဆန်းပါဘူးလေ သခင့်အတွက် ကျွန်တော့်
နှလုံးသားလေးခုန်လှုပ်နေရရင်ဘဲကျေနပ်ပါပြီ"Raiမင်းငါပြောတာကြားရောကြားလားဟမ်ဘာတေ တွေးနေလို့ငါ့စကားကိုစကားပြန်မလာတာလဲ ဟမ်"
သခင့်အကြောင်းတွေးနေတယ်လို့ပြောရင်
သခင် စိတ်ဆိုးလေလိမ့်မလား"တောင်းပန်ပါတယ်သခင် Rai ကြားပါတယ်
ပြင်ဆင်ထားပါ့မယ်"မင်းလေးကကြောက်နေတာလားစကားကို
ဆက်တိုက်သာပြောနေတာအဖျားခတ်မှာ
တုန်သွားတဲ့အသံလေး ကြောက်နေမှန်းသိသာ
ပါတယ် ဖြူစင်လွန်းတယ် ကောင်လေး
ငါ့ရှေ့မှာအဲ့လောက်ထိမဖြူစင်လွန်းပြပါနဲ့လား
ငါကနူးညံ့မှုမရှိ ကြင်နာမှုမရှိတဲ့ လူဘဲလေ
မင်းဖြူစင်မှုတေ ကိုရိုက်ချိုးရမှာဘဲ
ငါ့ကိုတော့အပြစ်မတင်နဲ့ ကလေးငယ် ငါဆိုတာ
မင်းရဲ့ သခင် Luke မလို့ဘဲ"သွားတော့ ရှေ့ကအမြန်ထွက်သွား"
"ဟုတ် ဟုတ်ကဲ့ "
သခင့်ရှေ့ကအမြန်ထွက်လာလိုက်တယ်
ဆက်နေရင် ဝဲဘက်ရင်အုံခြမ်းကအကောင်ကခုံလွန်းလို့ ပေါက်ထွက်တော့မယ်ထင်တယ် သခင်ကတစ်ခါတစ်လေ
နူးညံ့ကြင်နာစွာဆက်ဆံ တစ်ခါတစ်လေလည်း
အခုလိုအရိုင်းဆန်စွာဆက်ဆံတတ်တယ်
ဒါပေမဲ့လဲ သခင်ပြုသမျှ နှလုံးသားထဲစွဲနေအောင်
မှတ်ထားတယ် ကျွန်တော်ကချစ်နေရတဲ့သူမို့လေ
လိင်ကျွန်တစ်ယောက် သခင်ကိုချစ်နေတယ်ဆိုတဲ့
အကြောင်းအရာကရယ်စရာတော့ကောင်းသား
ဘယ်သူ့မေးမေးကျွန်တော်ရူးနေတယ်လို့
ပြောကြမှာပေါ့ ဟုတ်တယ် သခင့်ကို အချစ်စစ်နဲ့
ချစ်မိလို့ရူးနေတာ ဒီတိုင်းလေးဘဲ သခင်မနှင်ခင်အထိ
ရူးမိုက်စွာချစ်နေပါရစေ သခင်မလိုအပ်တော့လို့
နှင်လာခဲ့ရင်တော့ အဝေးကချစ်နေမှာပါ
YOU ARE READING
My Lord
Short Storyမချစ်သင့်တဲ့သူကိုမှ ချစ်မိလေရဲ့ မမှီနိုင်တဲ့ပန်းကိုမှ ခူးဆွတ်ချင်မိတယ် သခင့်အပေါ်ထားတဲ့ အချစ်တွေကိုတော့ အပြစ်လို့မဆိုလိုက်ပါနဲ့လား...