"အဲ့ကောင်ကရုပ်လဲချောတယ် ..
စာလဲ တော်တယ်..
တစ်ခုလေးပဲ..အဲ့ပညာသာ မတတ်ရင် တော်တော်လေး
ကောင်းမှာ..
အခုတော့..."ကျောင်းသားကျောင်းသူတွေနဲ့ ပြည့်လျှံကျနေတဲ့
canteen တစ်ခုက..
နေ့လည်ဘက် ထမင်းစားချိန်တွေရဲ့ ထုံးစံအတိုင်း
စည်ကားသက်ဝင်နေသည်..။အဲ့ထဲမှာမှ..ရုပ်ရည်ခပ်ချောချောနဲ့ လူတစ်ယောက်အကြောင်း ပြောနေကြတာက..
လူစည်နေတဲ့ canteen ကြီးထဲမှာ..
ကိုယ့်ဝိုင်းကလူတွေ ကြားရတယ်ဆိုရုံ..။ဒါပေမယ့် ကပ်လျက်ဝိုင်းမှာ ထိုင်နေတဲ့ လူတစ်ယောက်ကတော့ ကြားဖြစ်အောင် ကြားသွားသည်..။
ထိုအခါ...။
"မင်းတို့ အားနေရင်လဲတစ်ခြားအကြောင်း ပြောကြရင် ကောင်းမယ်.."
ကိုယ့်ဘာသာကိုယ့်လူနဲ့ကိုယ် ..စကားပြောနေတုန်း..
ရုတ်တရက်ကြီး ရန်တွေ့ခံလိုက်ရတော့..
စောစောက အတင်းပြောနေကြတဲ့ လူငယ်နှစ်ယောက်
နဝေတိမ်တောင် ဖြစ်သွားကြသည်..။အဲ့တာတင်ကလို့လား...။
ဘယ်လိုမှ ထင်မထားတဲ့ အခြေအနေတစ်ခုကိုပါ
ချက်ချင်းဆိုသလို ဖြတ်ကျော်လိုက်ရသည်..။ကိုယ့်ထမင်းကိုယ်စားပြီး သူများအတင်း မဖြစ်စလောက်လေး
တုပ်မိလိုက်တာနဲ့ ထိုက်ရောထိုက်တန်ရဲ့လားမသိတော့..။စက္ကန့်ပိုင်းလေးအတွင်းထဲမှာပင်..ထမင်းစားဇွန်းကို..
ကိုင်ထားမိသည့် လက်ရဲ့ လက်ခုံပေါ်ကို ထိုးစိုက်ချလာတဲ့
ခက်ရင်းတစ်ချောင်းကြောင့် အော်ဖို့ကိုတောင်..မေ့သွားသလို..။အဖြစ်အပျက်က မြန်ဆန်လွန်းလို့..ဘာဖြစ်လို့ဖြစ်သွားမှန်းတောင် မသိလိုက်ဘူးဆိုတာ..ဒါမျိုးကိုပဲ ခေါ်ရတော့မလား..။
သတိကပ်မိတဲ့ အချိန်ကျတော့..
မီးထွက်မတတ်စိုက်ကြည့်နေတဲ့ မျက်ဝန်းကျဉ်းကျဉ်းတစ်စုံရယ်..။