"အဘွားတို့ဘက်ကမျိုးရိုးငါ့မြေးဆီမှာ ပါလာတာကို
တောင်းပန်ပါတယ် ကွယ်..
လူတွေဆိုတာက..အဘွားတို့ပညာကို မကောင်းဘူးလို့
တထစ်ချသတ်မှတ်ထားကြတာမလား.."ဟိုးရှေးရိုးစဉ်ဆက်ကတည်းက..အထုံပါလာခဲ့တာမို့..
ဘယ်လိုမှရှောင်လွှဲလို့မရပဲ..အမွေဆက်ခံခဲ့ရခြင်းအပေါ်
ဘာမှ အပြစ်မမြင်မိပေမယ့် အဘွားက ကျိုးနွံစွာနဲ့
တောင်းပန်စကားဆိုနေပြန်တော့အားနာရပြန်သည်..။ဘွားကကျွန်တော့်အတွက်
ဆိုးတိုင်ပင်ကောင်းတိုင်ပင်မို့..
ဖြစ်ပျက်သမျှတွေအတွက် အကောင်းဆုံး လမ်းညွှန်ပေးဖို့ရန်..BaekHyunee ကိုချစ်လွန်းလို့..အနည်းငယ်လောက်
ပြုစားခဲ့မိတာတွေ..
အခု Baekhyunee ဆိုးသွမ်းနေတာတွေ..
စသဖြင့် ဖြစ်ပျက်နေသမျှတွေကို ပြောပြဖြစ်ပြီး
ဘယ်လိုလုပ်ရမလဲ အကူအညီတောင်းခံတော့..
အဘွားက..သက်ပြင်းဖွဖွတွေချပြီး..
သူတို့ဘက်က ပါတဲ့ပညာကြောင့်..
ကျွန်တော်လူတွေဆီမှာ အပြောခံရတာဆိုပြီး
တော်တော်လေးစိတ်မကောင်းဖြစ်နေသည်..။"မြေးက ချစ်လို့ လုပ်မိတာဆိုပေမယ့်..ကောင်လေးဘက်က
အရမ်းဆိုးလာတာတော့မဖြစ်သင့်ဘူးမလား.."ဟိုတစ်နေ့က..ကျွန်တော့် ကိုမကောင်းပြောလို့ဆိုပြီး
ကောင်မလေးနှစ်ယောက်ကို..လမ်းလယ်ကောင်ကြီးမှာ
တွန်းချပြီး..ရန်တွေ့ခဲ့သည့် Baek ကြောင့်..
ဒီတိုင်းဆက်ထားရင်မဖြစ်တော့ဘူးဆိုတာ..ကျွန်တော်သိလိုက်သည်..။ကျွန်တော်နဲ့တွဲပြီးတော့မှ..ပြောင်းလဲသွားသည့်သူ့စရိုက်
တွေ အလုံးစုံကို ဘွားကိုပြောပြလိုက်တော့..
ကျွန်တော်သူ့ကိုချစ်လို့ပြုစားထားတာနဲ့ အကြောင်း
တစ်စုံတစ်ရာသွားတိုက်ဆိုင်နေတယ်လို့ သေချာမယူဆနိုင်ပေမယ့်လဲ..ကျွန်တော့်စက်ကွင်းမလွတ်ဟု
ဘွားကပြောသည်..။ထို့ကြောင့်နောက်ဆုံးသော ဆုံးဖြတ်ချက်ကို
ချစ်သူ ကောင်းစားရေးအတွက် ရှေးရှုပြီး
ခက်ခက်ခဲခဲ ချမှတ်ဖို့ရန်ဖြစ်လာခဲ့သည်..။