☁1☁

472 41 11
                                    

ဝူဟန် စံအိမ်🏯

ပဒေသရာဇ်ခေတ်မှာ လောင်ယွမ်ပြည်နယ်ရဲ့ မျက်နှာဖုံး ဝူဟန်စံအိမ်အား မော်ကြည့်ရဲသူမရှိ။

ဝူမင်းဆက်ရဲ့ ဆဋ္ဌမမြောက်မင်းကြီး ဝူရီဖန်ကိုယ်တိုင် လောင်ယွမ်နယ်စား ခန့်အပ်ခဲ့သလို သူကြွယ်ဘွဲ့ပါရထားသည့် လောင်ယွမ်နယ်စား လုရှောင်ဖုန်းအား လောင်ယွမ်ပြည်နယ်ရှိ ကလေး လူကြီး အမျိုးဇာတ်စုံ ဖိန့်ဖိန့်တုံအောင် ကြောက်ရသည်။

တည်တံ့တဲ့မျက်နှာထား ခန့်ညားမှုတို့ ပေါင်းစုနေသည့် နယ်စားမင်းက ခန့်ညားသလို ရက်စက်သည်။

အရှင့်မျက်နှာတော်ကလွဲရင် ဘယ်သူမှ မကြည့်တတ်သလို သူ့အကျိုးအတွက်ဆို ဘယ်သူကိုမှလည်း မငဲ့ကွက်။

အဆင့်အတန်းခွဲခြားလွန်းသလို နှိမ်ချ ဆက်ဆံတတ်လွန်းသည့် နယ်စားမင်းအား သဘောမကျသော်ငြား နီးရာဓားကြောက်ရသည်မို့ ခေါင်းငုံ့နှုတ်ပိတ်၍သာ နေကြရသည်။

စူးရှတတ်သည့် ဆူးတွေကြား လှပစွာ ပွင့်ဖူးတတ်သည့် နှင်းဆီဆိုတာ ရှိသလို ဆိုးရွားလွန်းတဲ့ ဝူဟန်စံအိမ်တော်က အခွင့်ထူးခံလူတွေကြား ထူးခြားစွာ ဖြူစင်လွန်းသည့် ကောင်လေးတစ်ယောက်လည်း ရှိသည်။

ဟန်သခင်လေး!

ကော့ညွှတ်တဲ့မျက်တောင်တွေအောက်က သမင်မျက်လုံးလေးတွေရဲ့ တောက်ပမှုက ကမာကောင်လေးတွေ ဝမ်းအတွင်းရှိ ပုလဲလေးတွေရဲ့ တောက်ပမှုနှင့် အလားသဏ္ဍာန်တူလွန်းသည်။

သွယ်တန်းဖြောင့်စင်းမှုရဲ့ အဆုံးသတ် နှာခေါင်းလုံးလုံးလေးတွေ အောက်ဖျားက နူးညံ့နီမြန်းတဲ့ နှုတ်ခမ်းသားတို့က မိုးရေဆွတ်ဖြန်းထားတဲ့ နှင်းဆီဖူးလေးတွေ အလား။

နို့နှစ်ရောင် အသားရည်က ကြည်လင်လွန်းတာမို့ ဘာဝတ်ဝတ်တင့်တယ်လွန်းတဲ့ ဟန်သခင်လေးက လှရက်ပါပေ့ဆိုတဲ့ မိန်းမသားတို့ ရှုံးအောင် ပြည့်စုံလွန်းသူ။

နုနယ်လွန်းတဲ့ စိတ်ထားနဲ့အတူ သနားကြင်နာစိတ်လည်း အပြည့်ရှိတာမို့ ဟန်သခင်လေးကိုတော့ လောင်ယွမ်ပြည်နယ်ရှိ လူအများက ချစ်ခင်ကြသည်။

☁ချစ်​သူရေးတဲ့..တိမ်ပန်းချီ☁Where stories live. Discover now