မီးပုံးအနီလေးတွေချိတ်ဆွဲထားတဲ့ အိမ်တော်ရှေ့အရောက် မြင်းပေါ်မှဆင်းလိုက်ပြီး လုဟန်ကိုပါ ဆင်းစေလိုက်သည်။
" သခင်လေး ပြန်လာပြီလား ! မြန်မြန်အိမ်ထဲဝင်ရပါမယ် သခင်လေး "
" ဘာလို့လဲ "
" သခင်ကြီး အမျက်ထွက်နေပါတယ် "
" ရတယ် ! ငါ့ဘာသာဖြေရှင်းမယ်! ဖိန်ဖိန့်ကိုသာ ခေါ်လာခဲ့ "
အမိန့်တွေပေးကာ ယက်တောင်တဖျက်ဖျက်နဲ့ ဟန်လေးက နှစ်လိုဖွယ်တော့ ကောင်းပါဘိ!
" ကိုယ်တော်လေး မဝင်ဘူးလား "
" မောင်မင်းကမှ ငါကိုယ်တော်ကို မခေါ်တာ "
" အော် ဟော်! ကျွန်တော်မျိုးချီခေါ်မှာ ကိုယ်တော်လေးက ကြွမှာလား "
" အဲ့လိုဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့ "
" ချီတော့မခေါ်ဘူး ဒါပဲရမယ် "
ခြေထောက်အား ဆောင့်ကာတက်နင်းပြီး ပြုံးဖြီးဖြီးလုပ်နေတဲ့ ဟန်လေးကို သူဘာလို့စိတ်မဆိုးမိတယ်မသိ။
စိတ်မဆိုးတဲ့အပြင် ချစ်ဖို့ကောင်းတယ်လို့တောင် အပိုဆောင်းမြင်နေမိသေး။
" လုဟန် "
ခေါ်သံကြောင့် သူ့ဘက်လှည့်ကာ ကိုယ်လေးတွန့်သွားတဲ့ ဟန်!
အဖေကိုအတော်လေး ကြောက်ပုံရသည်။
" ရှီရွှင်းကိုယ်တော်လေး လုပ်ပါအုန်း "
လစ်ခနဲ ကျောနောက်ဝင်ပုန်းကာ အကျီင်္စကို ဆုတ်ကိုင်ထားသည့် လက်တွေက တင်းကျပ်စွာ။
အိမ်ရှေ့စံလည်း ဟန်သခင်လေးနဲ့တွေ့မှပဲ ကိုယ်ရံတော်တပ်မှူးလုံးလုံးကိုဖြစ်လို့!
" အိမ်ရှေ့စံကိုယ်တော်လေး "
ဒူးတုတ်ဦးညွှတ်ကာ အရိုအသေပေးနေတဲ့ နယ်စားမင်းကြောင့် ချောပေ့ ခန့်ညားပေ့ဆိုတဲ့ မျက်နှာတော်အား နှစ်ဆတိုး တည်တင်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
" လာလည်တော်မူတာပါလားဘုရား! အိမ်တော်ထဲကြွပါ ! "
ခေါင်းညိတ်ကာ အိမ်ထဲဝင်ဖို့ ခြေလှမ်းပြင်လိုက်သော်ငြား နောက်မှရထားတွဲလို အတင်းတွယ်ကပ်နေသည့် ဟန်လေးကြောင့် လမ်းကောင်းကောင်းလျှောက်၍မရ။
YOU ARE READING
☁ချစ်သူရေးတဲ့..တိမ်ပန်းချီ☁
Historical Fiction" မင်းပြတဲ့ တိမ်ပန်းချီက လှတော့လှတယ် ဟန်! ဒါပေမဲ့ ခဏတာပဲ ! အဲ့ဒါက အစစ်အမှန်မဟုတ်ဘူး " Hun 💙 Han