最も美しいあなたへ

518 46 47
                                    

Fairy Tale တွေကို ယုံသလား .. ?

မယုံရင်တော့ ဒီပုံပြင်လေးကနေ သက်သေပြပေးမယ် .. ဂျုံဒဲနဲ့ မင်ဆော့ရဲ့ အချစ်တွေက နတ်သမီးပုံပြင်တွေထက် လှပချိုမြိန်ကြောင်းကိုပေါ့ ။

____________■▪■___________ ■▪■ ____________

ကမ္ဘာမြေပေါ် တာဝန်ကျသည့် နေ့တွေဆို တခြားနတ်သား၊ နတ်သမီးတွေက ပျော်နေတတ်ပေမယ့် ဂျုံဒဲကတော့ စိတ်ညစ်သည် ။ လူသားတွေက အနံ့နံသည် ။ ထိုအနံ့အသက်များကို ဂျုံဒဲက ခံနိုင်ရည်မရှိရိုးအမှန် ။ ဒါပေမယ့်လည်း ဗီဇအရတော့ ပြုံးနေတတ်တာပဲ ။

ဂျုံဒဲဆိုတာက လူသားတွေရဲ့ နှလုံးသားထဲ ပျော်ရွှင်ခြင်းတွေ စီးဝင်အောင် ပို့ဆောင်ပေးရတဲ့ ပျော်ရွှင်ခြင်း နတ်သားလေးပေါ့ ။ ကောင်းကင်ဘုံက အစောင့်အရှောက်တိုင်းက ဂျုံဒဲကို ဖိုးပြုံးချိုလေးဟု ခေါ်ကြသည် ။ ဂျုံဒဲက သူ့နာမည်လေးနှင့် လိုက်ဖက်အောင် အမြဲတမ်းလည်း ပြုံးပျော်နေတတ်သည် ။

သူ့ရဲ့ ချစ်စရာကောင်းပြီး ချော့မောသည့် ရုပ်ရည်ကြောင့်သာမကဘဲ နေနတ်ဘုရားနှင့် လနတ်ဘုရားမတို့ရဲ့ သားအထွေးဆုံးလေး ဖြစ်တာကြောင့်လည်း ဂျုံဒဲဟာ ကောင်းကင်ဘုံတစ်ခုလုံး၏ အမြောက်စားခံလေး ဖြစ်သည် ။

လူ့ပြည်မှာဆိုရိုးတွေရှိသည် ။ လူ့အသက်တစ်ဘဝတာဟာ နတ်အသက်တစ်ရက်ပင် မရှိတဲ့ ။ ဒါပေမယ့် ဒါက စကားအမှားသာ ဖြစ်သည် ။ လူ့ပြည်နှင့်နတ်ပြည်ဟာ ရက်ကြာချိန် အတူတူသာ ဖြစ်သည် ။ မတူသောအချက်သည် လူသားတို့သည် နေ့စဉ်နှင့်အမျှ အိုကြရပြီး  ဂျုံဒဲတို့မှာတော့ မအိုမမင်းရ ။ နတ်သက်သည်လည်း အနည်းဆုံးပင်လျှင် အနှစ်၅၀၀ဖြစ်၏ ။

နှစ်စဉ်နှစ်သစ်ကူးတိုင်းမှာ ခရစ်စမတ်ပွဲတော်ကို လူအများက သိုက်သိုက်ဝန်းဝန်း ကျင်းပသကဲ့သို့ ဂျုံဒဲဦးစီးသည့် ပျော်ရွှင်ခြင်း နတ်သူငယ်လေးများကလည်း ကမ္ဘာသို့အုံလိုက်ကျင်းလိုက် ဆင်းရသည် ။ ခရစ်စမတ်မှသည် နောင်တစ်နှစ်လုံးစာအတွက် ပျော်ရွှင်မှုအစေ့အနှံများကို လူတိုင်းရင်ထဲ မြုပ်နှံပေးရန်ဖြစ်သည် ။

သို့သော် .. လူတိုင်းဟုဆိုသော်လည်း ကန့်သတ်ချက်ရှိသည် ။ မလိမ္မာသူများ မပါဝင်ပါလေ ။ စိတ်သဘောထားရိုးစင်းသူတိုင်း သို့မဟုတ် ကံကြမ္မာရေးဆွဲခြင်း ခံထားရပြီးနှင့်သော လူတိုင်းဟု ဖြည့်စွက်ရမည် ထင်သည် ။ ကောင်းကင်ဘုံမှ စီစစ်ပေးလိုက်သော စာရင်းများအတိုင်း ဂျုံဒဲတို့က ဆောင်ရွက်ပေးရခြင်း ဖြစ်သည် ။

最も美しいあなたへ [ XiuChen ]Where stories live. Discover now