EP-44

26.7K 3.2K 314
                                    

"ဘယ်လိုတောင်းပန်ရမလဲ မသိတော့ဘူး၊ အဲ့ဒီညက မင်းဖြစ်မယ်လို့ လုံးဝမစဉ်းစားမိဘူး"

ကျူံးဘေး နှစ်ယောက်အတူ ခြေလှမ်းညီညီ လမ်းလျှောက်နေရင်း လမ်းမပေါ်ဖြတ်သန်း သွားလာနေကြသော ဆိုင်ကယ်သံ ကားသံများ ဆူညံနေသည်။ ဘေးချင်းယှဉ်လျက် ခြေလှမ်းရေ တော်တော်လျှောက်လှမ်းပြီးသည်အထိ  နှုတ်ဆိတ်ငြိမ်နေခဲ့သော ကိုပိုင်ဇေက ထိုကိစ္စအတွက် စကားစရန် တော်တော် အားယူခဲ့ရ၏။ ဖြေသိမ့်ရခက်နေသာ အစ်ကို့စိတ်ကို နှစ်သိမ့်ပေးလိုစွာ ချယ်ရီထွေး ပေါ့ပေါ့ပါးပါးရယ်လိုက်ပါသည်။

"ဘာမှ မဖြစ်ခဲ့သလို မူမပျက်နေခဲ့တဲ့ ထွေးငယ်ကြောင့် အစ်ကို မစဉ်းစားမိတာ ဖြစ်သင့်ပါတယ်"

"ဘာလို့ မပြောခဲ့တာလဲ"

ဆံပင်တွေ လွင့်ခါသွားအောင် တစ်ခါတစ်ခါ လေတိုက်သော်ငြား နွေးပူသော လေပူပူကြီးဖြစ်သည်။ လေမင်း ဖြတ်ပွတ်သွားရာ အသားပေါ် စပ်တိစပ်ဖျင်းဖြစ်လာ၍ လက်ရှည် မ၀တ်ထားသော လက်မောင်းသားကို ပွတ်သပ်ခါ

"ပထမတစ်ခါ လွဲမှားမှု့ အတွက် အစ်ကို့ဘ၀နဲ့ တာဝန်ယူခဲ့တယ်၊ ဒုတိယတစ်ခါ မတော်တဆမှု့ အတွက် ဘာနဲ့ ပြန်တာဝန်ယူဦးမလဲ ထွေးငယ် စဉ်းစားလို့မရခဲ့ဘူး ... နှလုံးသားတော့ မဖြစ်နိုင်ပါဘူးနော်၊ ဒုတိယတစ်ခါမှာ အစ်ကို့ဘက်က မတော်တဆဖြစ်ပေမဲ့ ထွေးငယ်က မငြင်းဆန်ခဲ့တာပါ၊ နှစ်ဦးလုံးလက်ခံခဲ့တာကြောင့် ..."

ခပ်ဆဆဆိုနေရင်း စကားကို ရပ်လိုက်သည်။ အစ်ကို့ကို မ၀ံ့မရဲ မျက်လုံးဝင့် ငဲ့ကြည့်ကာ

"အဲ့ဒီ့ညကို အမှားလို့ မသုံးချင်ဘူး၊ လက်ခံတာလို့ပဲ ငယ် သုံးပါရစေ"

ခွင့်တောင်းသလို ခပ်တွန့်တွန့် ပြောသောအခါ ပိုင်ဇေ မျက်ခုံးတစ်ဖက် သာသာလေး မြင့်တက်သွားသည်။ သူနားမလည်သည့် သဘောပါ။ ထို့နောက် အို့တို့အိုးတမ်း ခေါင်းညိမ့်ရှာသည်။ ချယ်ရီထွေးက အရှေ့ ကို ဆက်လှမ်းရမည့် လမ်းကြောင်းကို ပြောင်းကာ ကျူံးဘက် မျက်နှာမူ လှည့်ရပ်လိုက်သည်။

"နှစ်ဦးလက်ခံခဲ့တာကြောင့် အစ်ကို့မှာ အပြစ်မရှိသလို အစ်ကိုကချည်း တစ်ဖက်သက် တာဝန်ယူစရာ မလိုဘူး၊ ကာကွယ်နိုင်စွမ်းရှိပါလျက် မထိန်းသိမ်းခဲ့တဲ့ ငယ့်ရဲ့ ပေးဆပ်မှု့ ပါ၊ အဲ့ဒီလိုမိန်းမက အပေါစားဖြစ်သွားမလား၊ ထားပါလေ အစ်ကို့အတွက်ဆို မတောင်းလည်း ဘာမဆို ပေးဆပ်ချင်သူမို့ ထွေးငယ် ဈေးမကိုင်နိုင်ပါဘူး (ရယ်မောလျက်) အချစ်ရူးမလေးလို့ပဲ ကဗျာဆန်ဆန် သတ်မှတ်ပေးပါနော် အဟင်း... ငယ်ကလေ အစ်ကို့အတွက် ဆန္ဒမရှိဘဲ တာဝန်ယူနေရတဲ့ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်ချင်ဘူး"

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now