ဖုန်း ringtone သံစဉ်တစ်ခုဖြင့် Maryတစ်ယောက်မနက်ခင်းတစ်ခုကိုနိုးထလာခဲ့သည်။
"Hello Dee"
"Morning Mary နိုးပြီလား"
"အင်း...ခုပဲ"
"ဒီနေ့ ကျောင်းတက်မယ်ဟုတ်လား"
"တက်မယ်လေ"
"Ok Ok မနက်စာစား လုပ်စရာရှိတာလုပ်တော့"
"အင်းပါ..bye"Maryကမော်လမြိုင်သူ မိဘတွေကMaryငယ်ငယ်ထဲက ဘားအံကိုပြောင်းနေကြတော့ ဘားအံမှာကြီးပြီး ဘားအံuniမှာ Chemistryအထူးပြုနဲ့ဒုတိယနှစ်ကျောင်းသူလေး ..
လွတ်လွတ်လပ်လပ် နေတတ်ပြီး မိဘတွေရဲ့အုပ်ထိန်းမှုအောက်မှာ အမြဲစိတ်ကျဉ်းကျပ်နေတတ်သည်။ဒီနေ့Maryတို့ကျောင်းမှာ ကြက်တောင်ပြိုင်ပွဲရှိသည်။ Maryရဲ့အချစ်ဆုံးသူငယ်ချင်း နှင်းစု ကဝင်ပြိုင်သဖြင့် Maryအားသွားပေးမည်။ နှင်းစုနှင့် Maryမှာ majorမတူ
နှင်းစုက Zoology အထူးပြု Deeနှင့်တစ်တန်းထဲ နှင်းစုနှင့်ခင်ပြီး Deeနှင့်Maryခင်မင်လာခြင်းဖြစ်သည်။DeeကTom boy ..
ငယ်ငယ်ထဲကယောကျာ်းလေးလိုနေထိုင်ခဲ့ခြင်းဖြစ်သည်။
Deeကရည်းစားခပ်များများ ပွေသည် တွဲသမျှမိန်းကလေးတွေဟာအချောတွေနဲ့ အသိုင်းဝိုင်းကြီးကြီးထဲကတွေချည်း..
စကားလည်းပြောကောင်း ရုပ်လေးကလည်းခပ်သန့်သန့်ဆိုတော့ ကောင်မလေးတွေကြိုက်တာမဆန်းတော့ယခု Deeဦးတည်နေသည်မှာ Maryကိုဖြစ်သည်။
နှင်းစုနှင့် ပထမနှစ်ကျောင်းသင်္ကြန်တူတူသွားရာမှMaryနှင့်ခင်ခဲ့ခြင်းဖြစ်သည်။၁၁နာရီခွဲ
"မေမေ Maryကျောင်းသွားတော့မယ်နော်"
"ထမင်းစားသွားဦးလေ သမီး"
"ကန်တင်းမှာပဲစားလိုက်တော့မယ် မေမေ သွားတော့မယ်"
"အေအေ ဆိုင်ကယ်ဖြေးဖြေးမောင်းသွားဦး ကားတွေသတိထားနော်"
"ဟုတ်...သွားပြီနော်"တူ....တူ...တူ...
"Hello "
"Hello Dee ငါအတန်းတက်လိုက်ဦးမယ်နော်
နှင်းစု က၂နာရီမှ စဝင်ရမှာမလား"
"အင်း ဟုတ်တယ်"
"နင်ရုံရောက်ရင်ငါ့ကိုဖုန်းခေါ်နော် ငါအတန်းပြီးမှလိုက်ခဲ့မယ်"
"အေအေ"Maryကို Deeထိုနေ့ကမှစပြီးစိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။
Maryကအကောင်သေးသေးကျစ်ကျစ်လေး
အသားဖြူဖြူ မျက်တောင်ကော့ကော့နှာတံရှည်ရှည်လေး
YOU ARE READING
မာနရဲ့နောက်ကွယ်(Complete)
Romanceချစ်ရတဲ့သူလည်းနာကျင်နေပြီ အချစ်ခံရတဲ့သူလည်းပင်ပန်းနေပြီ ငါမင်းကိုလက်လွှတ်လိုက်ပါတော့မယ်...