Dee ဘားအံပြန်ရောက်တာ ၃ရက်ပြည့်ပြီ...
Mary ကိုမိုးလင်းတာနှင့်ဖုန်းခေါ်တတ်သော Deeမှာ ယခု၁၀နာရီခွဲသည်ထိ စာတစ်ကြောင်းတောင်ရောက်မလာခဲ့ပေ...မနက်ဖြန်ဆို Dee ရန်ကုန်ပြန်ရတော့မည်။
Mary ဒီနေ့Deeနှင့်တွေ့ဖို့ အိမ်ကိုလှည့်ပတ်ကာပြော၍ထွက်ခဲ့သည်။Deeဆီရောက်တော့ Deeက...
" Mary ဘာဖြစ်လဲ နေမပျော်ပြန်ဘူးလား"
"Dee...တနေရာသွားရအောင်"
"သွားလေ...ဘယ်သွားချင်လဲ "
"ကန်ပတ်လမ်းဘေးပေါ့"
Deeဆိုင်ကယ်မောင်းနေတုန်း Deeကျောပေါ်မျက်လုံးမှိတ်မှီလိုက်ခဲ့သည်။
(ဒီလိုလေးကိုဘယ်တော့မှပြန်ရဦးမလဲ Deeရယ်..)
"Dee..."
"ဟင်..."
" Maryကိုစိတ်မဆိုးနဲ့နော်"
"ဘာဖြစ်လဲပြော..."
"Mary လေ Deeကိုချစ်တယ်...ပြီးတော့... Deeကိုမယုံတာလည်းမဟုတ်ပါဘူး...Maryအရမ်းစိတ်ပူတတ်တာသိတယ်မလား...."
"အင်းလေ...ခုဘာဖြစ်လဲ"
"မနေ့က Dee messenger ထဲ maryဝင်ကြည့်မိတယ်....
မောင်ဆိုတာကဘာလဲဟင်""Mary ဝင်ကြည့်တာလား အဲ့ဒါက စရင်းနောက်ရင်းခေါ်တာပါ"
"အော်...."
Mary ငိုတော့သည်။Deeကအေးအေးဆေးဆေး ပြန်ဖြေတော့ mary စဉ်းစားမရဖြစ်ရတော့သည်။
"ငိုပြန်ပြီလား mary...မငိုနဲ့ကွာ..."
"....."
"Maryလည်းmaryစိတ်နဲ့နေ Deeလည်းDeeစိတ်နဲ့နေမယ်
အဲ့လိုအားငယ်တာတွေ စိတ်ပျော့တာတွေ Deeမကြိုက်ဘူး""Dee... "
"Mary အဲ့လိုငိုနေတဲ့အချိန်မှာ သင်တန်းကစာတွေကျက်လိုက်
အိမ်မှာကူလုပ်လိုက် ""အဲ့ဒါ Deeကိုချစ်လို့လေ"
"အဓိကကဘယ်ဟာလဲသေချာစဉ်းစားMary...Deeအမြဲပြောတယ် ဖြစ်သင့်တာနဲ့ဖြစ်ချင်တာကိုသေချာတွေး ဖြစ်သင့်တာကိုလုပ်..."
Mary မှာ Deeကိုပြန်ပြောဖို့အားမရှိတော့...
ခုံတန်းရဲ့အောက်မှာ ဖန်ပုလင်းကွဲစကို ဖိနပ်ထိပ်နှင့် ထိကစားနေသလို ဆော့နေသည်။
YOU ARE READING
မာနရဲ့နောက်ကွယ်(Complete)
Romanceချစ်ရတဲ့သူလည်းနာကျင်နေပြီ အချစ်ခံရတဲ့သူလည်းပင်ပန်းနေပြီ ငါမင်းကိုလက်လွှတ်လိုက်ပါတော့မယ်...