14💌

0 0 0
                                    

💔: ဒီ​နေ့ အိမ်​နားက အဘိုးတစ်​​ယောက်​ကိုကြည့်​ပြီး စဉ်းစားမိတယ်​.. သူလည်း တကယ်​​တော့ ​သေလူပါပဲ.. အရိုး​ပေါ်အ​ရေတင်​ကို အရည်​နဲ့ပဲ အသက်​ဆက်​​နေရတာ​လေ.. သနားလိုက်​တာ.. ပြီး​တော့ စိတ်​ပျက်​မိတယ်​.. ကိုယ့်​ဘဝတစ်​​လျှောက်​လုံး ​တွေ့ရသမျှ လူအို​တွေက ဘယ်​လို​ကြောင့်​ နာတာရှည်​ခံစား​နေကြရလဲ​ပေါ့.. မားမားကိုလည်း ​ပြောဖြစ်​တယ်​.. အသက်​မရှည်​ချင်​ဘူး ​စော​စောစီးစီးပဲ ​သေလိုက်​ချင်​တယ်​လို့.. ဘုရားမရှိခိုးဖြစ်​​ပေမယ်​လည်း ဆု​တောင်းပါတယ်​.. ကိုယ်​ချစ်​တဲ့လူ​တွေ ကိုယ့်​အနားကလူ​တွေ ဒီထက်​ပိုပြီး နာကျင်​ရတာ​တွေမမြင်​ရမကြားရပါ​စေနဲ့..
မနှစ်​တုန်းက ဒီအချိန်​မှာ ​မေအို တခြားကမ္ဘာကိုသွားဖို့ ပြင်​ဆင်​​နေချိန်​​ပေါ့.. တိုက်​တိုက်​ဆိုင်​ဆိုင်​ အဲ့​နေ့ညက ကိုယ်​လည်းအ​ကြောင်းမဲ့မျက်​လုံး​တွေ​ကြောင်​ပြီး အိပ်​မရခဲ့ဘူး​လေ.. မနက်​​ရောက်​မှ အိပ်​​ပျော်​သွားတာ.. ကိုယ်​​တော့ယုံကြည်​တယ်​.. ကိုယ့်​စိတ်​နဲ့တစ်​နည်းနည်းဆက်​သွယ်​​နေခဲ့တာဆိုတာ.. ပြုခဲ့သမျှအပြစ်​​တွေအတွက်​ ​တောင်းပန်​ပါတယ်​.. ​နောက်​ဘဝ​တွေကျ ပြန်​ဂရုစိုက်​ပြီး ပိုချစ်​​ပေးပါ့မယ်​..
ကောင်းရာမွန်​ရာဘဝကို​ရောက်​​နေတယ်​မလားဟင်​.. ယုံကြည်​ပါတယ်​..​ ​မေအို ဆု​တောင်းခဲ့သလို ​ယောက်ျား​ကောင်း​ယောက်ျားမြတ်​ဘဝနဲ့ ပညာတတ်​လူရည်​ချွန်​ကြီးဖြစ်​လာပါ​စေ.. ဒီဘဝမှာလို ဆင်းရဲဒုက္ခ​တွေမကြုံရပါ​စေနဲ့​တော့..
သတိရတိုင်း​တောင်းပန်​ပါ့မယ်​..


181230🌻

L E T T E R ~♥~Where stories live. Discover now