Zawgyi
VENGEANCE
--------------------^^သန်းခေါင်ယံ အချိန် ဆယ့်နှစ်နာရီခန့်....။
တိတ်ဆိတ်ခြင်းနဲ့အတူ မှောင်မိုက်ခြင်းတို့ကလည်း
ဖုံးလွှမ်းနေသည်....။လမင်းကြီးကလည်း တိမ်အပြည့်ဖုံးနေသည်.....။
လမ်းတစ်လမ်းလုံး နီယွန်မီးတွေသာ မှိန်ပြပြလင်းနေ
သည်.....။" အစ်ကို ! အစ်ကို နဲ့ ငယ် ခိုးပြေးကြရအောင် "
" ဟာ ! ငယ်ရယ်.... "
" အဲ့လိုမှ ငယ်မလုပ်ရင် အစ်ကို့မိဘတွေက ငယ်နဲ့တစ်
သက်လုံးဝေးအောင်လုပ်မှာ အစ်ကိုလည်းသိသားနဲ့ "" အစ်ကို စိုးရိမ်နေမိတယ် ငယ်.... "
" အစ်ကို ကြောက်နေတာပါ "
ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို လွှတ်လိုက်ပြီး
ကျောခိုင်းသွားသော ငယ်....။" ငယ်လေး ! အစ်ကို ငယ်လေးကို ဘယ်လောက်တောင်
ချစ်လဲ ငယ်လေးသိပါတယ် "Park Jimin ဘက်ကို မျက်နှာချင်းဆိုင်ပြန်လှည့်ကာ
ကြည့်နေသော ငယ် ဆိုသူ ကောင်လေး Jeon Jungkook ~" ဒါဆို ငယ်လေးကို မယုံလို့လား "
" ဟူး...... "
ခပ်ပြင်းပြင်း အသက်ရှူသံကို ငယ်လေး ကြားမှကြား
ရဲ့လား....။" အစ်ကိုဖြေလေ ! တစ်ကယ်လို့ ဒီညသာ အစ်ကိုပြန်
သွားရင် ဒီနေ့တွေ့တာ ငယ်တို့နောက်ဆုံးပဲ "ငယ် က တစ်ဇွတ်ထိုးဆန်တယ် ။
သူလုပ်ချင်တာလုပ်တယ် ။
ငယ် က ဆိုးတယ် ။" အစ်ကို ! ငယ့်ကို မချစ်တော့တာလားဟင် ? "
ငယ့် ရဲ့ ဒီလို မေးခွန်းတွေကို မခံစားနိုင်ပါ....။
အထူးသဖြင့် ရင်ထဲကအန်ကျလာသော ငိုသံပါပါကြီး
နဲ့အတူ ကိုယ်သိပ်မြတ်နိုးတဲ့ ငယ့် ရဲ့ မျက်ဝန်းတွေအရည်
လဲ့လာတာမျိုး ကိုပေါ့....။" ငယ်လေး ! အဲ့လိုမမေးပါနဲ့ ငယ်ရယ် ! ငယ့်ကို အစ်ကို
သိပ်ချစ်တာပေါ့ "" ငယ်လေးက အစ်ကို့ကို လက်လွှတ်ပေးမှာမဟုတ်
ဘူးနော် "" ကောင်းပြီ ! ဒါဆို အစ်ကိုတို့ခိုးပြေးကြရအောင် ! "
YOU ARE READING
VENGEANCE • Kookmin || My Enthusiasms contest || ( One Shot )
FanfictionFor My Enthusiasms Contest ^^ One Shot