Oppaသွားပြီးတစ်လလောက်အထိကျွန်မနှင့်oppaအဆက်အသွယ်ရှိကြသည်
တစ်လကုန်ဆုံးပြီးချိန်မှာတော့
ကျွန်မဘက်ကလည်းဆက်သွယ်လို့မရတော့သလို
Oppaဘက်ကလည်းမဆက်သွယ်လာ
အလုပ်ရှုပ်နေ၍သာဖြစ်မည်ဟုကျွန်မဖြည့်တွေးလိုက်သည်ဒီလိုနဲ့ပဲအချိန်ပေါင်းများစွာကြာပြီး
Oppaထွက်သွားခဲ့တာ5နှစ်ပြည့်ခဲ့ပြီ
အခုချိန်လောက်ဆို
သူကျောင်းပြီးနေပြီဖြစ်သည်
ကျွန်မကတော့uni first yearသာရှိသေးသည်Oppa koreaပြန်လာတော့မည်
ဟုappaပြောလာတော့
ကျွန်မရင်တွေခုန်နေရသည်ဒီနေ့ပင်
သူပြန်လာမည်ဖြစ်သည်
Oppaကိုလေဆိပ်သွားကြိုရန်အဆင့်ဖြစ်နေပြီးဖြစ်သည်"Kookieရေ သွားရအောင်သမီး.."
Omma၏ခေါ်သံကြောင့်ကျွန်မအိမ်အောက်သို့ပြေးဆင်းသွားခဲ့သည်
"Nae omma လာပြီ"
"Aigoo..ငါ့သမီးလေးသူ့oppaပြန်လာတော့မှာဆိုတော့တတ်ကြွနေလိုက်တာများ.."
"Hee😁😁"
"ကဲသွားကြစို့လေ.."
Appaခေါ်သံအပြီးမှာတော့
ကျွန်မနှင့်ommaကားပေါ်တက်ပြီး
ကားလေးဟာလည်းလေဆိပ်ဆီသို့...ကျွန်မတို့ရောက်ပြီး
15မိနစ်လောက်အကြာမှာ
ခရီဆောင်အိတ်များတင်ထားသော
လှည်းကိုတွန်းရင်းကျွန်မတို့ဆီလာခဲ့သည်Wow oppaချောနေပါရောလား
ရွှေအိုရောင်ဆံပင်အောက်ကဖြူဖွေးနေသောမျက်နှာလေး
ပို၍တောင့်တင်းလာသောခန္ဓာကိုယ်
ပို၍ရှည်လာသောခြေတံတွေနှင့်
ကျွန်မချစ်ရသူoppaမှာပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပင်ရပ်နေသောကျွန်မတို့မိသားစုကိုမြင်သွားသည်ထင်
ကျွန်မတို့ဆီကိုလျှောက်လာ၏"အန်တီတို့စောင့်ရတာကြာသွားပြီလား လေယာဉ်ကဟိုကနေနောက်ကျမှထွက်လာရလို့ကျနော်နည်းနည်းနောက်ကျသွားတယ်"
"မကြာပါဘူးသားရဲ့ ရပါတယ် လာလေသွားရအောင် သားဗိုက်ဆာနေရောပေါ့"
ဒီလိုနဲ့ကျွန်မတို့တွေအိမ်ကိုပြန်လာခဲ့ကြသည်
Oppaကတော့ကျွန်မကိုမသိချင်ယောင်ဆောင်သည်ပဲလား
တကယ်ပင်မမှတ်မိသည်လားတော့မသိပါ
ကျွန်မတို့ပြန်လာတဲ့လမ်းတစ်လျှောက်လုံးကျွန်မကိုစကားတစ်လုံးမှမပြောဘဲဖေဖေတို့မေမေတို့နှင့်သာစကားပြော၏လေဆိပ်မှတရွေ့ရွေ့နှင့်ထွက်လာခဲ့သောကားသည်
နောက်ဆုံးတော့အိမ်ရှေ့သို့ရောက်လေပြီကျွန်မကားပေါ်ကဆင်းကာအိမ်ထဲဝင်ဖို့လုပ်တော့
အနောက်မှလှမ်းတားလိုက်သူမှာoppaပင်"ဟိတ်...ဘယ်လဲ..နေဦးလေ...ငါ့အထုတ်တွေသယ်သွားဦး"
ဟင်သူဘာတွေလာပြောနေတာလဲ
သူ့အိတ်တွေသယ်ပေးမယ့်ဦးလေးကြီးရှိနေတာတောင်ဘာကြောင့်ကျွန်မကိုခေါ်ရတာလဲ
ကျွန်မကအိမ်အကူလည်းမဟုတ်
ဒါကြောင့်မသယ်ပေးနိုင်ပါကျွန်မသူ့ကိုကြောင်ကြည့်နေတော့သူကျွန်မကိုရန်စစကားတို့ပြောလေပြီ
"ဒီမှာမင်းဘာတွေကြောင်ကြည့်နေတာလဲ..သယ်သွားလေ..အိမ်အကူနေရာမနေဘဲငါနဲ့အတူတူကားထိုင်စီးတာတောင်လွန်လှပြီ"
ဗုဒ္ဓေါ..
Oppaဘယ်တုန်းကစပြီးဤသို့အယုတ်ဆိုးသောစကားလုံးတို့ကိုပြောတတ်သွားသည်လဲ
အရင်ကကျွန်မချစ်ရသူသာဤသို့မဟုတ်ပဲ
ကြင်နာတတ်သူပါကျွန်မလည်းမဟုတ်မခံရှိသူဖြစ်၍
သူပြောတာကိုမလုပ်ဘဲအိမ်ထဲသို့သာဝင်ခဲ့သည်
အနောက်မှပြောနေသောသူ့စကားတို့လျစ်လျူရှုစွာနှင့်ပေါ့