လူတွေကပြောကြတယ်...အချစ်စစ်မှန်ရင် တူညီတဲ့အကျိုးခံစားရတယ်တဲ့...hak သိပ်ရီစရာကောင်းတဲ့စကားစုတစ်ခုပဲ
ကျမသူ့ကိုသိပ်ချစ်တယ် သိပ်မြတ်နိုးတယ် ဒါမဲ့ကျွန်မ ပြန်ရတာက...တဖတ်သတ်ဆိုတဲ့စကားစုဘောင်ထဲကသိပ်မုန်းဖို့ကောင်းတဲ့ သူငယ်ချင်းဆိုတဲ့စည်းမျဉ်းကြီးနဲ့ပိုင်ခြားခံလိုက်ရတာပဲကျွန်မရဲ့တဖတ်သတ်ကတော့......ရှင်တို့ထင်ခဲ့သလိုယောကျာ်လေးတစ်ယောက်မဟုတ်ခဲ့ပါဘူး ဆွေရိပ်သူ ဆိုတဲ့သူမလေးကိုပါ သူမလေးက ဟောဒီကကျွန်မ ကြယ်လင်းသာ ရဲ့တဖတ်သတ် စွဲလန်းနေရတဲ့ ငယ်သူငယ်ချင်းလေး
ကျွန်မရဲ့ဇာတ်လမ်းလေးက......
first year စတက်တဲ့နှစ်...
"ဆွေ... မပြီးသေးဘူးလားကွာ
ငါရောက်နေတာကြာနေပြီဟ တက္ကသိုလ်စတက်တဲ့နေ့မှာ နောက်ကျရင် အဆင်မပြေဘူးနော် ဆွေရေ...မြန်မြန်ပြင်ပါဟ"(.....ဟူး ဆွေကအဲ့လိုပဲ သူမလေးကအလှအရမ်းကြိုက်တာ အခူလည်းကြည့်လေ ၇နာရီထဲကပြင်နေတာ အခု၈နာရီခွဲပြီ ပြင်လိုမပြီးသေးဘူး ဒါပေမဲ့လည်းသူမလေး ရွှေစိတ်တော်ညိုလို့မဖြစ် တော်ကြာသူ့ကို့ ပွစိပွစိပြောမိရင် စိတ်တော်ကကောက်တော်မိအုံးမယ်...တကယ်မလွယ်ကြောလေး)
"ဘယ်လိုတွေတောင် အော်နေရတာတုန်းကြယ်စုတ်ရဲ့...ဒီမှာပြင်ဆင်နေတုန်းကို ဟွင့်သွသူ အစောကြီးလာပြီး လောနေတယ် ငါတို့တက်မှာက State ကျောင်းမဟုတ်ဘူးနော်university ဟဲ့ ကြယ်စုတ်ရဲ့"
(....ကြယ်စုတ်ဆိုတာ သူမလေး စိတ်တိုရင် ခေါ်တဲ့နာမည်ပေါ့ ဆွေဆိုတဲ့ သူမလေး ကစိတ်ကောက်ရင် အရမ်းချစ်ဖို့ကောင်းတာ )
"ဟုတ်ပါပြီဆွေရယ် ငါမလောတော့ဘူးနော် စိတ်တော့မကောက်ပါနဲ့နော် ဒီနေ့စားချင်တာတွေအကုန်ဝယ်ကျွေးမယ်နော်"
'တကယ်နော်နောက်မှ အများကြီးစားလို့ဆိုပြီး လာမပြောနဲ့ ဆွေကတော့စားမှာပဲ..."