ကတိ

2.8K 181 16
                                    

Busan art and media collage ကျောင်းကြီးရဲ့ ဂီတာဌာနဘက် အခန်းတွင်းတခုမှ ငြိမ့်ညောင်းသာယာတဲ့ စန္ဒရားသံလေးတခု ပျံ့လွင့်လို့နေသည်။ တီးခတ်သူမှာလည်း ခံစားချက်ပါပါနဲ့ စီးမျောရင်း သူ့ရဲ့ လက်ချောင်းရှည်သွယ်သွယ်လေးများ ကို လှုပ်ရှားစေလေသည်။ ထိုလက်ချောင်းလေးများရပ်တန့်လိုက်သောအခါ တေးသွားလေးများက လှပသပ်ရပ်စွာ ပြီးဆုံးသွားတော့သည်။ လက်ခုပ်သံလေးတစ်ခုကတော့ ဝင်ရောက်ခစားလို့ပေါ့။
"ဝါးး အရမ်း နားထောင်လို့ကောင်းတာဘဲ ဒီလိုသာဆို ငါတို့ငယ်လေးက အကြီးတန်း စန္ဒရားပြိုင်ပွဲမှာ အနိုင်ရတဲ့ အသက်အငယ်ဆုံး pianist ကြီးဖြစ်မှာ''
"မြှောက်တာတော်သင့်ဘီ တကယ်ရမှပြောတော့.. ဒါနဲ့ မဟုတ်မှလွဲရော အတန်းလစ်လာပြန်ပြီလား Jiminie''
"ဒီအချိန်ဆို ငယ်ဒီမှာလေ့ကျင့်နေကျလေ လာအားပေးတဲ့သူကို အဲ့လိုမပြောသင့်ဘူး ပြီးတော့ အဲ့အချိန်ကြီးက ပျင်းစရာကြီး ငါက ကဘဲကချင်တာကို''
"အဲ့လိုဆိုလည်း စတီးတဲ့အချိန်တည်းက လာပါ့လား ပြီးခါနီးမှလာပြီး မျက်နှာချိုသွေးနေတယ် ပြော ဘာပူဆာမလို့လဲ''
"ဟီးဟီး ချစ်သူလမ်းကြားထဲသွားမလို့ အာ့ ငယ့်ကို လိုက်ပို့ခိုင်းတာ '' မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ နှုတ်ခမ်းဖူးဖူးလေးကို ထော်ကာ လာချွဲနေသည့် အသေးလေး။
မသိရင် ကိုယ်က သူ့ချစ်သူကျလို့။အယ် လိုက်ပို့လို့ အောင်သွယ်တော်ဆိုပြီး မထင်လိုက်ပါနဲ့ဗျာ။ ဘယ်မိန်းကလေးနဲ့မှ မချိန်းတွေ့ဘဲ လမ်းလေးလှလို့ selfieဆွဲ ချယ်ရီပန်းပွင့်တွေနဲ့ ဆော့ပြီး ပြန်လာတတ်တဲ့ အသက် ၂၀အရွယ် ကလေးစိတ်မကုန်သေးတဲ့ Park Jiminရယ်ပါ။
"Hyungကောင်မလေးနဲ့ ချိန်းသွားလေဗျာ..
ကျွန်တော်နဲ့ သွားရအောင် ကျွန်တော်က Hyungရည်းစားလားပြော''
"ဟုတ်တယ်လေ မင်းက ငါ့ကောင်မလေး လေကြောမရှည်နဲ့ကွာ လိုက်မပို့တာလည်း မဟုတ်ဘဲနဲ့''
ပြောချင်ရာပြောပြီး ကော့တော့ကော့တော့နဲ့ ရှေ့က ထွက်သွားတဲ့ အနှီကလေးပုစိနောက် လွယ်အိတ်ကို ပခုံးတစ်ဖက်ပေါ်တင်ရင်း လိုက်ရတော့သည်။အင်းး ငဖယ်လေးက ပြောင်းပြန်ဟစ်နေပြန်တာမို့ Jimin ရဲ့ အနောက်ပိုင်းလေးကို ပြုံးစိစိကြည့်ကာ...
"ခါးလေးကသိမ်သိမ် တင်လေးက လုံးလုံးနဲ့ ဘယ်သူက မိန်းကလေးနဲ့ပိုတူတာလည်း ကလေးရဲ့''လို့ပြောလည်းပြော လက်ကလည်း တင်လုံးလုံးလေးကို ဖြန်းခနဲနေအောင် ချကာ သုတ်ခြေတင်ပြေးရတော့သည်။ ပတ်ဂျီမင်းတို့ လက်စာမိလို့ကတော့ သေပြီဘဲလေ။ ဒီလိုဘဲ လျင်ရတာပေါ့။ ဒါတောင် အသံစူးစူးနဲ့ ပြဲနေအောင်အော်သံကြီးက ကပ်ပါလာသေးရဲ့
"Jeon Jungkook~~~~''တဲ့။

You've reached the end of published parts.

⏰ Last updated: Nov 12, 2020 ⏰

Add this story to your Library to get notified about new parts!

ကတိ(약속)Where stories live. Discover now