Zawgyi
Zawgyi
ဒီနေရာကြီးရောက်ပြန်ပြီ။
မျက်လုံးအတွင်းထဲရဲ့နာကျင်မှု၊ ခန္ဓာကိုယ်အောက်ပိုင်းကထိုင်ခုံကြားသို့ ညှပ်နေသောကြောင့် အောက်ပိုင်းတစ်လျှောက်ရဲ့ နာကျင်မှုကိုလူးလှိမ့်နေအောင်ခံစားရ၏။ အရေးထဲ ကားကပြောင်းပြန်လှန်မှောက်သွားသဖြင့် ဇောက်ထိုးနေရသလိုဖြစ်တာကြောင့် ဇောက်ကြောတွေညောင်းကိုက်ကုန်သည်။
"အင်း..." ဆိုပြီး မငြီးတွားနိုင်လောက်တဲ့အထိ အာခေါင်တွေကခြောက်ကပ်ပိတ်ဆို့ကုန်၏။
အသံတွေက လည်ချောင်းနားအထိတော့ အကျယ်ကြီးရောက်လာပြီး အသကုန်အော်မည့်ပါးစပ်နားရောက်မှ ပျောက်ဆုံးကုန်သည်။ အကူအညီတောင်းရမယ်လေ။ ကျွန်တော်အကူအညီတောင်းရမယ် ဘာလို့အသံတွေပျောက်ဆုံးကုန်တာလဲ။ကားရှေ့ခန်းကို တစ်ချက်အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့လည်း အသက်မရှိတော့တဲ့ဖေဖေနဲ့ မေမေ့ရဲ့ရုပ်အလောင်း။ ပြီးတော့ သွေးတွေ ကျွန်တော်ခေါင်းကထွက်ကျလာတဲ့ သွေးတွေရော၊ ဖေဖေနှင့်မေမေဆီကထွက်ကျလာတဲ့ သွေးတွေနဲ့ ပေါင်းစပ်ပြီးသွေးညှီနံကြီးက နှာခေါင်းတည့်တည့်သို့ စူးခနဲဝင်ရောက်လာသည်။
ကျွန်တော့်ရဲ့ တီရှုပ်အပြာရောင်အင်္ကျီဟာ မြင်မကောင်းအောင်သွေးစွန်းထားတော့ အပြာမှအနီရောင်သို့ပြောင်းနေခဲ့ပြီ။
အော်ရင်လည်း အသံမထွက် အကူအညီလည်းတောင်းလို့မရတဲ့ဘဝကြီးက လွတ်ထွက်ချင်ပြီ။ တစ်ယောက်ယောက် ကျွန်တော့်ကိုတစ်ယောက်ယောက် ကယ်တင်ပေးကြပါတော့။
"ဟေး RenJun RenJun HuangRenJun"
RenJun အားလှုပ်နိုးလိုက်သော WinWin ကို ကျေးဇူးတင်မိ၏။ ကျွန်တော်ဒီအိပ်မက်ဆိုးထဲမှ လွတ်ထွက်နိုင်ခဲ့ပြီ။
"ဟိုအိပ်မက်ကြီးမက်ပြန်ပြီလား"
ဘာမှပြန်မဖြေနိုင်ဘဲ ကြောက်ကြောက်လန့်လန့်နှင့်သာ ခေါင်းငြိမ့်ပြမိသည်။
YOU ARE READING
VOICE
FanfictionUnicode အသံကြားရရုံနဲ့ လူတစ်ယောက်ကို ရူးရူးမူးမူးစွဲလမ်းမိတယ်ဆိုရင် လူတွေကယုံကြမှာမဟုတ်ဘူး။ ဒါပေမဲ့ကျွန်တော်ကတော့သူ့အသံလေး ကြားခဲ့ရရုံနဲ့ သူ့ကိုစွဲလမ်းနေခဲ့မိတယ်။ သူနဲ့ကိုယ်ဟာလည်း နီးစပ်လို့မဖြစ်နိုင်တဲ့လူတွေမှန်းမသိခဲ့။ RenMin (RenJunXJaeMin) Zawgy...