" ကဲ....အားလုံးပဲ... တာဝန်ကျေကြပါတယ်... "အစည်းအဝေးခန်းထဲ ရှယ်ယာရှင်တွေရဲ့ အချင်းချင်း နှုတ်ဆက်သံတွေကြားထဲ Jongin အသက်ဝဝရှုကာ ညောင်းညာနေတဲ့ ခါးတွေကို ဆန့်ထုတ်ရင်း ညောင်းလိုက်တာဟု တိုးတိုးရေရွတ်လိုက်မိသည်...
" Jongin ပြန်တော့မှာလား.. "
အစည်းအဝေးခန်းထဲက ထွက်မလို့ ပြင်တုန်း အနားရောက်လာတဲ့ Taemin က ခပ်တိုးတိုးမေးသည်....
" အေး... ပြန်တော့မှာပေါ့.. Meeting လည်း ပြီးပြီဟာကို... "
" ငါနဲ့ တစ်ခွက်လောက်သွားသောက်ကြမလား...သူငယ်ချင်း... "
" တော်ပါပြီ Taeminရာ... အိမ်မှာ Kyung စောင့်နေလိမ့်မယ်ကွ.... ပြီးတော့ သူက သူမပါပဲ သောက်တာ မကြိုက်ဘူးကွ.. မင်းပဲ သွားလိုက်ပါတော့ နော်.. "
" ငနာကောင်... ငါတစ်ယောက်တည်း သွားသောက်မှတော့ ဘာထူးမတုန်း..
တစ်ခါတစ်လေလေး သောက်ဖို့ခေါ်မိပါတယ်..ဒီက အက်ဖ်အေကောင်ကိုမှ အားမနာ ယောက်ျားကိုပဲ သည်းသည်းလှုပ်ပြနေတယ်... လစ်ပြီ ဟေ့ကောင်... "တရှူးရှူး တရှဲရှဲနဲ့ ရန်တွေ့ရင်း ထွက်သွားတဲ့ Taemin ကို ကြည့်ရင်း အသာရယ်လိုက်မိတယ်...
လက်ထဲက နာရီကိုကြည့်တော့ ည၈နာရီကျော်နေပြီမို့ ရုံးခန်းဆီ ခပ်သွက်သွက် လျှောက်လိုက်မိသည်..
ရုံးခန်းဆီရောက်တော့ သိမ်းစရာရှိတာတွေ သိမ်းရင်း ပြန်ဖို့ပြင်ရသည်...
အစည်းအဝေးခန်းထဲ မဝင်ခင် အံဆွဲထဲ ထည့်ထားခဲ့တဲ့ ဖုန်းကို ယူကြည့်မိတော့မှ Missed call ပေါင်းများစွာနဲ့ Message....
အခြား ဖုန်း call တွေရော... Kyung ဆီကရော စုံလို့..
Kyung ဆီက Message ကို ဝင်ဖတ်လိုက်တော့
> ငါ company ရှေ့ရောက်နေတယ် Jongin ...< တဲ့လေ..
ပို့ထားတာ ၇နာရီ စွန်းစွန်းထဲကမို့ မျက်လုံးပြူးသွားရသည်...
အိတ်တွေ ကုတ်အင်္ကျီ တွေကောက်ဆွဲရင်း ကမူးရှူးထိုး ပြေးဆင်းလာခဲ့တော့ ထင်သည့်အတိုင်းပင် အဆိုးအဆာလေးက ကုမ္ပဏီရှေ့ ခုန်ဆွ ခုန်ဆွ နှင့် အအေးဒဏ်ကို အံတုရင်း စောင့်နေရှာသည်...
YOU ARE READING
《Full House》♧.....♧
Romanceကျွန်တော်တို့ နှစ်ယောက်ရဲ့ ချစ်စံအိမ်လေးအကြောင်း.. ♡ The Squel of My..... . Marriage life of Kim Jongin and Do Kyung Soo.... by... KADI_DK_Believer... ❤...