"Jongin?... မအိပ်သေးဘူးလား"
ခြံထဲက ဒန်းလေးပေါ် ငုတ်တုပ်ထိုင်နေတုန်း အိပ်ချင်မူးတူးနဲ့ ထလာတဲ့ Luhan က လက်ထဲ ဓာတ်မီး တစ်လက်နဲ့....
အပေါ်ဝတ်အင်္ကျီလက်ရှည်ကို လက်ဖျားတွေ လုံအောင် ဆွဲချရင်း ခေါင်းခါပြတော့ Luhan က သက်ပြင်း ခပ်တိုးတိုးချသည်...
"KyungSoo ကို ဆက်သွယ်လို့မရဘူးလား... "
" အင်း... ငါ့ကို စိတ်ဆိုးနေတုန်းပဲ ထင်တယ်... ဖုန်းကို မကိုင်ဘူး.... အဆင်တော့ ပြေလောက်တယ် မဟုတ်လား... "
" ပြေမှာပါကွာ... အလုပ်ကိစ္စနဲ့ သွားတာပဲ ဥစ္စာ.... မင်းဖုန်းကို မကိုင်ဘူးဆိုတာကလည်း Shooting ကြောင့်နေမှာပါ.... မင်းယောက်ျားက ဒိတ်ဒိတ်ကြဲ Director ဆိုတာလည်း မေ့မနေနဲ့ဦး.. "
" အေးပါကွာ.. ဟတ်...ချိုး "
လေသံတိုးဖျော့ဖျော့နဲ့ ပြန်ဖြေရင်း နှာပါချေမိသွားတော့ Luhan လက်ဖဝါးတစ်ဖက်က ကျောကို ဗျန်းခနဲ ...
" လဒကောင်!! .... အပြစ် လုပ်တုန်းက လုပ်ပြီး မျက်နှာငယ်လေး လုပ်မနေနဲ့ .. ဒီလောက်အေးနေတာကို အပြင်ထွက်ထိုင်နေရအောင် မင်းကိုယ်မင်း ရုပ်ရှင်ထဲက မင်းသားများ မှတ်နေလား.... မနက်ကျ သူနဲ့ ပါသွားတဲ့ Staff တွေကို စုံစမ်းပေးမယ်... သွားအိပ်ချည်တော့ .. "
အတင်းဆွဲလွဲပြီး အိမ်ထဲ ခေါ်လာတဲ့ Luhan ကြောင့် အခန်းထဲက ဝင်ခဲ့ရသည်..
မဝင်လို့လဲ မရ... မဝင်မချင်း မျက်ထောင့်နီကြီးနဲ့ လာကြည့်နေတာ မဟုတ်လား...
အခန်းထဲရောက်တော့ အိပ်ရာပေါ် လှဲလိုက်ပေမယ့် အိပ်မရသေး...
ကိုယ့်ဘေးနားမရှိတဲ့ အဆိုးအဆာလေးကို လွမ်းနေရသည်..
သူကတော့ ရက်ရက်စက်စက် ထားရက်သည်..
ထားရက်သည် ဆိုပေမယ့်လည်း Jongin အပြစ်လည်း ပါတာမို့ အခုလို ငြိမ်နေရခြင်း...
လွန်ခဲ့သည့် တစ်ပတ်လောက်က Kyungsooနဲ့ အတူတူ Kyung Soo အမေဆီ သွားဖို့ တိုင်ပင်ခဲ့ကြပေမယ့် ထိုနေ့က Taemin ကောင်းမှုကြောင့် အရက်မူးပြီး အိမ်မပြန်ဖြစ်ပဲ သူ့အိမ်မှာပင် အိပ်ပျော်သွားခဲ့ရသည်...
YOU ARE READING
《Full House》♧.....♧
Romanceကျွန်တော်တို့ နှစ်ယောက်ရဲ့ ချစ်စံအိမ်လေးအကြောင်း.. ♡ The Squel of My..... . Marriage life of Kim Jongin and Do Kyung Soo.... by... KADI_DK_Believer... ❤...