(Zawgyi)
"Hyun အဆင်ပြေရဲ့လား "
အခန်းပြန်ရောက်ကတည်းက ကုတင်ပေါ် ငြိမ်သက်စွာ လှဲနေသည့် သူလေး၏ လက်လေးအား ဆုပ်ကိုင်လို့အသာမေးတော့ မှေးမှိတ်ထားသော မျက်ဝန်းလေးတွေက ပွင့်လာသည်
"Park Yeol ''
"ဟင်.."
"ငါတို့ တကယ်ပဲ အရင်ကချစ်သူတွေဖြစ်ခဲ့ကြတာလား..."
"အင်း...တစ်ခုခုမှတ်မိလို့လား..အချစ်..''
"ငါမြင်လိုက်တယ်..''
"ဘာကိုလဲ..."
"မင်းရယ်ငါရယ် လက်ပတ်ဆင်တူလေးတွေရယ်...ကမ်းခြေကြီးရယ်...ပြီးတော့...အနမ်းတစ်ခုရယ် ငါအဲ့ဒါတွေအကုန်လုံးကိုမြင်ခဲ့တယ် ပြီးတော့....ငါ့ရင်ထဲ...ငါရင်ထဲ တစ်မျိုးကြီးပဲ Yeol..''
" အချစ်...''
သူ့စကားတွေကြောင့် အပျော်တွေလွန်မိတာ ကိုယ်ရယ်ပါ
"မကြာခင်မှတ်မိလာမှာပါ အချစ် မင်းနဲ့ကိုယ့်ကြားကချစ်ခြင်းတွေက အရမ်းနက်ရှိုင်းခဲ့တာမို့ သိပ်ချစ်ခဲ့ကြတာမို့ပါ...''
သူ့လက်လေးတွေခပ်ဖွဖွနမ်းရင်း ပြောနေသော Park Yeol အား ကြည့်နေရင်း ရင်တွေအခုန်မြန်လာသည်
မင်းနဲ့ပါတ်သက်တိုင်း ပုံမှန်ထက် အခုန်မြန်တဲ့ နှလုံးသားလေးက တကယ်ပဲမင်းနဲ့ငါ့ကြားက အချစ်ကို ငါ့ကိုအသိပေးနေတာလား..
"Park Yeol...''
"အချစ်....''
သူ့နာမည်ခေါ်ရင်း ရင်ခွင်ထဲ တိုးဝင်လာသော အချစ်ကြောင့် Yeol တစ်ယောက်အကြောင်သားဖြင့် ပြန်မဖက်မိ ။ အံ့သြလွန်းစွာဖြင့် မှင်သက်နေမိသည် ။ ဒီဘဝမှာ အချစ်ဘက်က သူ့ရင်ခွင်ကို တိုးဝင်လာတာ ဒါပထမဆုံး မဟုတ်လား ။
"ဟို..."
ကိုယ့်ဟာကိုယ် ဘယ်လိုလုပ်ရပ်လုပ်လိုက်မိလဲဆိုတာ Hyun တစ်ယောက်စဉ်းစားမရ ။ ငေးကြည့်နေရင်း သူ့ရင်ခွင်ထဲ အလိုအလျောက်တိုးဝင်မိတယ်တဲ့လေ..။ ရှက်စရာကောင်းလိုက်တာ Byun Hyun ရာ..။
ကိုယ့်ဟာကိုယ်ဖက်ပြီး အရှက်သည်းစွာရင်ခွင်ထဲက ပြန်ထွက်ဖို့ကြံနေတဲ့ ကိုယ်လေးကို ဆွဲဖက်ထားရင်း ခပ်တင်းတင်းပွေ့ဖက်ထားလိုက်သည်
YOU ARE READING
💔 VILLAIN 💔 [SEASON~2]
Romanceမင်းက ကိုယ့်အပိုင်ပဲ...Byun Hyun.. Park Yeol ဆိုတဲ့ ကိုယ်က အချစ် အတွက် VILLAIN အဖြစ် ပြန်လာရဦးမှာပဲ..... မင်းက ကိုယ့်အပိုင္ပဲ...Byun Hyun.. Park Yeol ဆိုတဲ့ ကိုယ္က အခ်စ် အတြက် VILLAIN အျဖစ်ျပန္လာရဦးမွာပဲ.....