Episode (2)

810 96 7
                                    

ပန်းရောင်ဘူး ထဲမှ နောက်ထပ်စာရွက် တရွက်ယူလိုက်ပြီးနောက်တော့ ကျွန်တော် ခပ်မဲ့မဲ့ ပြုံး မိသည်။ ဘာကြောင့်ပြုံး ခဲ့ မိသည် လဲ ကျွန်တော်သာ အသိဆုံး ။ Driver ခုံဘေးမှာထိုင်နေခဲ့သည့် ထို လူက ကျွန်တော့်အရိပ်အခြေကြည့်ကာ Driver အား တနေရာရာ ကို သွားရန် ပြော နေခဲ့သည်။

📃......ကိုယ် သိပါတယ် မင်း Mina Noona ကို ချစ်နေမှန်း....📃

ထို စာရွက်ကို တော့ ကျွန်တော် လုံးချေလိုက် မိသည်။ ဘယ်လိုပဲ ကြည်ဖြူ စွာ သူ့လက်ထဲ ကိုယ်တိုင်ကပဲ ချစ်ရသူကို ထည့် ခဲ့ သည် ဆိုပေမယ့်...။
________________________

ကျွန်တော် မကိုးကွယ် သည့် နတ်ဘုရား တွေက ကျွန်တော့်ကို အရမ်းကိုပဲ စောင့်ရှောက်ပေးခဲ့ပါသည်။

ခပ်နွမ်းနွမ်း ရှည်မျောမျော အပေါစား ကောင်ဟာ.... ကျွန်တော့် မျက်စိရှေ့ အကောင်လိုက် ကို ခြေစုံ ရပ်ကာ သူ့ကို သူ မိတ်ဆက် နေခဲ့သည်။

ကျွန်တော့် ဘေးနားကအဖွဲ့ဝင် မိန်းကလေးတချို့ (မဟုတ် ဘူး အကုန်လုံးပဲ) ထိုအပေါစား ကောင်ကို သားရည် တမျှားမျှား နှင့် အမဲ ဖျက် တော့မည့်အတိုင်း ကြည့်နေကြသည်။

....ချောလိုက်တာ....
....သူက စီနီယာ တဲ့....
....ကျောင်းတနှစ် နားထား တာတဲ့...
....နောက်ဆုံးနှစ်က ဆိုတော့ ဝမ်းနည်းမိသား....
....ဘာပဲ ဖြစ်ဖြစ် အခုလို club တခုထဲ တူတာပဲ ကျေးဇူးတင်နေပါပြီ....

ဘေးက ကောင်မလေး တချို့ရဲ့ အသံ တို့ ကို နားမထောင်ချင်ပဲ ထောင်နေခဲ့ရသည်။
ကျွန်တော်ဘာကြောင့် ဒီ Tennis club ထဲ ဝင်လာခဲ့ မိပါလဲ။ဒီလူ နဲ့ သာပြန်ဆုံ ရမည်ဆိုလျှင် ကျွန်တော်သေချာပေါက် ဝင်ခဲ့မိမည်မဟုတ်။
မဟုတ်ဘူး.... သူက ဘာကြောင့် အခုမှ ဝင်လာ ခဲ့ပါလဲ။ ကျွန်တော် ဘယ်တော့မှ အခုလို ရင်းနှီး ကျွမ်းဝင်အောင် ပြန်တွေ့လိမ့်မယ်လို့ မထင်ထားမိပေမဲ့ လို့... ခပ်မဲ့မဲ့ သာ ပြုံး ထားခဲ့သည်။မရင့်ကျက်ခဲ့၍လားမသိ။

"Park ChanYeol မိတ်ဆက်လိုက်ဦးလေ သူ့နာမည်က Krisတဲ့ "

ကျွန်တော့်ကို လှန်းခေါ်လိုက်သည့် ထို အသံ.....
ကျွန်တော့် ကမ္ဘာ ကြီးတခုလုံး တုန်လှုပ်သွားစေသည်။

Reflected (Completed)Where stories live. Discover now