" ဒီမှာ ဒီမှာ
ဟိုလေ နင်တို့ဒီရန်ပွဲဘယ်မှာရှိလဲဆိုတာ သိလား "Suho တစ်ယောက် ကောင်မလေးတွေကြားထဲ အပြေးသွားကာ ဝင်မေးမိသည်
" ဟင် Suho မဟုတ်လားဟ "
" အေ ဟုတ်တယ်ဟ "
" ဘယ်လိုလုပ်မလဲ ငါတို့ပြောတာကြားသွားပြီလား မသိဘူး "
" အို ဘာဖြစ်လဲ ငါတို့က မှန်တာပြောတာပဲ သူ့မကောင်းကြောင်းပြောတာမှ မဟုတ်ပဲ မစိုးရိမ်ပါနဲ့ "ကောင်မလေးတစ်အုပ်မှာ Suho မေးတာကို ချက်ခြင်းပြန်မဖြေနိုင်ပဲ သူတို့ဟာ သူတို့ အစိုးရိမ်လွန်ကာ အငြင်းပွားနေတော့သည်
Suho လဲ စိတ်မရှည်စွာနဲ့
" အဲ့ရန်ပွဲ ဘယ်မှာလဲဆိုတာ သိကြလားလို့ "
" Inn သိတယ် သိတယ် "
" အဲ့တာဆို ငါ့ကိုပြောပြပါ "
" အဲ့ဒါက ကျောင်းနောက်က ဘောလုံးကွင်းထဲမှာတဲ့ "
" အေး ကျေးဇူးပဲ "
Suho လည်း ကျေးဇူးတင်စကားပြောကာ ပြေးထွက်လာခဲ့လိုက်သည်
" ဟူး တော်ပါသေးရဲ့ သူဘာမှမပြောသွားလို့ "
" Inn ဟုတ်ပါရဲ့ "
" ဒါနဲ့ သူဘောလုံးကွင်းကို လိုက်သွားတာလား မသိဘူးနော် "
" ထားလိုက်ပါ ငါတို့ကိစ္စမှ မဟုတ်တာ "
ဘောလုံးကွင်းတွင်တော့
" ဟျောင့် Oh Sehun မင်းက ငါ့ရဲ့ Bunny လေးနားမှာ ရစ်သီရစ်သီနဲ့ ဘာလိုက်လုပ်နေတာတုန်းကွ "
Lee Doung ရဲ့အမေးကို Sehun ပြန်မဖြေနိုင်သေးခင်မှာပင်
" ဟား ဟား ကောက်ရိုးပုံစောင့်နေတာနေမှာပေါ့ကွာ "
Lee Doung ရဲ့ အပေါင်းအပါတစ်ယောက်ဝင်ပြောလိုက်သော စကားကြောင့် Sehun ရဲ့ ဒေါသတွေအထွတ်အထိပ်သို့ ရောက်သွားလေတော့သည်
" ဘာကွ မင်းကများငါ့ကို ဒီလိုပြောရအောင်
မင်းတို့မှာတောင် စောင့်စရာ ကောက်ရိုးပုံရှိလို့လားကွာ
ဟားဟား ကိုယ်ပိုင်ကောက်ရိုးပုံမရှိလို့် သူများကောက်ရိုးပုံဝင်လုတာမဟုတ်ဘူးလား "