(၁)

52 8 2
                                    

တီတီ..တီတီ..(ph ringtone)
"ဟယ်​လို"
"မင်း​သော်​တာ မလာ​သေးဘူးလား ဒီ​နေ့​ကျောင်းစတက်​မှာကို​စော​စောလာပါလို့မှာထားတာ ခန့်​ညီနဲ့​ရောင်​ခြည်​လည်း​ရောက်​​နေပီ နင့်​တစ်​​ယောက်​ပဲ​စောင့်​​နေရတာ "
"​အေးပါဟာ ညကဂိမ်း​ဆော့တာ ​နောက်​ကျသွားလို့ ဟီး"
"​အေး မြန်​မြန်​လာ မသာ​ကောင်​ နာရီဝက်​တွင်းမှမလာရင်​ငါတို့​မ​စောင့်​​တော့ဘူး"
"ဟီး ​အေး​အေး မြန်​မြန်​လုပ်​ပီးလာခဲ့ပါ့မယ်​" တီ..
"ဘာတဲ့လည်းမလာ​သေးဘူးလား"
"ခုမှထတာ​နေမှာ​ပေါ့ ညကလည်းဂိမ်း​ဆော့​နေတာတဲ့"
၂၅မိနစ်​ကြာပီး​နောက်​>>>>
"မလာ​သေးဘူးလား"
"ဟိုမှာလာ​နေပါပီ ကိုယ်​​တော်​​ချောက မင်း​သော်​တာမြန်​မြန်​လာ ပဲနဲ့​လျှောက်​မ​နေနဲ့"
" ပဲနဲ့​လျှောက်​​နေတာမဟုတ်​ဘူး ​ရေချိုးခန်းထဲ​ချော်​လဲလို့ ​ခြေကျင်းဝတ်​နာ​နေလို့ ​ဖြေး​ဖြေး​လျှောက်​​နေတာ ​ရောင်​ခြည်​မရ"
"​အေးပါ ​အေးပါ သွားကြမယ်"
💕💕💕💕💕
ကျောင်းသူတစ်​သိုက်​>>
"ဟဲ့ ဟဲ့ ဟိုမှာလာ​နေတာ မင်းသူရမလား"
"​အေးဟ ဟုတ်​တယ်​ ခ်​ခ်​ ​ချောလိုက်​တာ"
"​မင်းသူရရဲ့​ကောင်​မ​လေးဖစ်​ခွင့်​ရရင်​ ​သေ​ပျော်​ပါပီ ဟယ်​"
"ဟဲ့ ​ကောင်​မရွမ​နေနဲ့ သူက playboy ကြီး နင်​အသည်းကွဲကျန်​ရစ်​ခဲ့လိမ့်​မယ်​"
"ဘာပဲဖစ်​ဖစ်​ဟာ ဂရုမစိုက်​ဘူး"
~ဟက်​ စိတ်​ပျက်​စရာ​တွေ မိန်းက​လေး​တွေဖစ်​ပီးလိုက်​ငမ်း​နေကြတာ အဲ့တာ​တွေ​ကြောင့်​အချစ်​ဆိုတာကိုအယုံကြည်​မရှိတာ ​ချောတဲ့သူ​တွေ့တိုင်းလိုက်​ငမ်း​နေကြတာ ~
အချစ်​ကိုစိတ်​ပျက်​ပီးဘာလို့playboy ဖစ်​တာလည်းဆိုတာမ​မေးနဲ့ ကျွန်​​တော်​အပျင်း​ပြေတွဲတာ တစ်​​ယောက်​မှမနမ်းဖူးသလိုလက်​​တောင်​မကိုင်​ဖူးဘူး
💕💕💕💕
"ဟဲ့ ဟိုနှစ်​​ကောင်​ စာအုပ်​သွားဝယ်​မယ်​​လေ ​ကောင်​မ​လေး​တွေလိုက်​ငမ်းမ​နေနဲ့ "
"ရုပ်​​လေး​တွေကဖြင့်​ကြည့်​လိုက်​ရင်​uke ရုပ်​နဲ့ ရပါလိမ့်​မယ်​ရည်းစား"
"​အေး​လေ နင်​တို့နှစ်​​ယောက်​စိတ်​ချ မပူနဲ့ငါတို့ရှာ​ပေးမယ်
အစစ်​မ​တွေကိုလိုက်​ငမ်းမ​နေနဲ့ ​ယောင်္ကျားရှာ​ပေးမယ်​"
"မသာမ​တွေ ဘာလို့ငါတို့က​ယောင်္ကျားယူရမှာလည်း ​နော ငခန့်​"
"​အေး​လေ ​သော်​တာရာ​ပြောပစ်​လိုက်​စမ်းပါ"
"​အေးပါ ​နောက်​မှ လပြည့်​နဲ့ ​ရောင်​ခြည်​ရယ်​ ငါseme​ချော​လေး​တွေ့လို့သူ့ကိုမှမရရင်​​သေ​တော့မှာမို့ ​အောင်​သွယ်​​ပေးပါလို့လာမ​ပြောနဲ့"
အဲ့လိုပါပဲ ကျွန်​​တော့သူငယ်​ချင်းမနှစ်​​ယောက်​က fujoushi ဆိုလားပဲသူတို့​ပြော​ပြော​နေတာ ကျွန်​​တော်​နဲ့ငခန့်​ကိုဆို ​ချောတဲ့​ယောင်္ကျား​လေး​တွေ​တွေ့တိုင်း အမြဲ​ပေးစား​နေကြတာ
ကျွန်​​တော်​တို့သူငယ်​ချင်း​တွေကငယ်​သူငယ်​ချင်း​တွေ​လေ​ကျောင်းလည်းတူတူအိမ်​နီးနားချင်းလည်းဖစ်​တယ်​ ခုလည်း​မေဂျာတူတူမို့ ​မေဂျာဌာနကိုစာအုပ်​သွားဝယ်​ဖို့သွားတာ လမ်းတစ်​​လျှောက်​လည်း ကျွန်​​တော်​တို့၎​ယောက်​နဲ့ဆူညံ​နေတာ
လမ်းအ​ကွေ့၌>>>>
"ဘုတ်​""အားး"
"ဟယ်​ ​သော်​တာ ရရဲ့လား အဆင်​​ပြေလား ဘယ်​နားနာသွားလဲ"
"ဒီမယ်​ ခင်​ဗျား မမြင်​ဘူးလား ကျွန်​​တော့သူငယ်​ချင်းနာသွားပီ ခုချက်​ချင်းပြန်​​တောင်းပန်​"
"က​လေး ဘယ်​နားနာသွား​သေးလဲ အဆင်​​ပြေရဲ့လား"
ကျွန်​​တော်​လူတစ်​​ယောက်​နဲ့ဝင်​တိုက်​မိသွားတယ်​ လပြည့်​နဲ့​ရောင်​ခြည်​ကလည်းထူ​ပေး ငခန့်​ကလည်းတစ်​ဖက်​ကလူကို​ဒေါသထွက်​​နေသည်​။ တစ်​ဖက်​လူက​မေးတာကို​ဖြေဖို့ကျွန်​​တော့​မော့ကြည့်​မိလိုက်​​တော့ အချိန်​​တွေရပ်​တန့်​သွားသလို ကျွန်​​တော့တည်ငြိမ်​​နေတဲ့နှလုံးခုန်​သံဟာအသက်​ဝင်​လာသည်​။
"​သော်​တာ ​သော်​တာ "
"ဟမ်​ ဘာလဲ"
"ဟိုမှာအဆင်​​ပြေလားလို့​မေး​နေတယ်​​လေ"
"အမ်​"
ကျွန်​​တော်​ကြည့်​လိုက်​​တော့ စိုးရိမ်​​နေပုံရတဲ့မျက်​ဝန်း​တွေနဲ့ကျွန်​​တော့ကိုကြည့်​​နေတာ
"ဟုတ်​ ကျွန်​​တော်​အဆင်​​ပြေပါတယ်​"
"ကိုယ်​​တောင်းပန်​တယ်​​နော်​ က​လေး" ဆိုပီးကျွန်​​တော့​ခေါင်းပုတ်​လိုက်​သည်​။
"ဟိုက​လေးလဲ ကိုယ်​​တောင်းပန်​ပီးပီ​နော်​ ​ဒေါသ​ပြေ​ပီလား"
"ရပီ ​သော်​တာအဆင်​​ပြေလို့​နော်​ မဟုတ်​ရင်​ ခင်​ဗျားဆွဲထိုးမှာ"
"သွားရ​အောင်​ ​သော်​တာ"
"အင်း အင်း"
💕💕💕💕
"ဟက်​ ဘယ်​လိုက​လေး​တွေလည်းမသိဘူး"
ကျွန်​​တော်​ပြုံးမိလိုက်​သည်​။
"​ဟေ့​ရောင်​ သူရိန်​ တစ်​​ယောက်​တည်းပြုံး​နေတယ်​​ပေါ့ ဘာလို့လည်း ​ပြောပြစမ်းပါ အ​ချေking ကတစ်​​ယောက်​တည်းပြုံး​နေတယ်​ဆို​တော့ စိတ်​ဝင်​စားလာပီ"
မင်းသူရ​ပြောမှကျွန်​​တော်​မျက်​နှာပြန်​တည်​လိုက်​ရသည်​။ကျွန်​​တော်​ကအဲ့ဒီက​လေး​ကြောင့်​ပြုံးမိလိုက်​သည်​တဲ့လား။~​​နောက်​ထပ်​ပြန်​​တွေ့ချင်​​သေးတယ်​ က​လေး​ရေ~
"သူရိန်​ သူရိန်​"
"​ပြော"
"​မေးတာလည်းမ​ဖြေဘူး တစ်​​ယောက်​တည်းဘာ​တွေ​တွေး​နေတာလည်း မရိုး​တော့ဘူး​နော်​ ရည်းစား​တွေများရ​နေပီလား"
"ငါကမင်းလို အချစ်​မရှိတဲ့playboy များမှတ်​​နေလား"
"​အေးပါ ​အေးပါ မင်းဆိုငါအမြဲအ​လျော့​ပေးပါတယ်​ စာအုပ်​ဝယ်​ပီးပီလား"
"​အေး ​ရော့ မင်းအတွက်​လည်းဝယ်​လာတယ်​"
"ချစ်​ဆုံးကြီး လာပါအုံးနမ်းချင်​လို့"
"​တော်​စမ်းပါသွား မင်းရည်းစား​တွေပဲသွားနမ်း"
"သဝန်​တို​နေတာလို့သတ်​မှတ်​လို့ရလား"
"​တော်​ပီ မင်းလည်းမ​ပြောချင်​ဘူး"
"ဟား ဟား ဟား ငါ့​စောင့်​အုံး​လေ တူတူသွားမယ်​"
ကျွန်​​တော်​နဲ့မင်းသူရကငယ်​ငယ်​ထဲကလည်​ပင်းဖက်​​ပေါင်းလာတဲ့သူ​တွေ​​ဖစ်​တာ​ကြောင့်​ ကျွန်​​တော့အ​ချေimageကသူနဲ့ဆို ​ပျောက်​သွားတတ်​သည်​။ သူကလည်းကျွန်​​တော်​နဲ့ရှိတဲ့အချိန်​ဆို ရည်​စား​တွေနဲ့အဆက်​သွယ်​ဖြတ်​ထားတတ်​သည်​။
💕💕💕💕
"အမယ်​​လေး က​လေးတဲ့ အူ​တွေယားတာ"
"ဟဲ့ လပြည့်​ အဲ့အကိုက​ချောတယ်​​နော်​ seme type ကြီး"
"​အေးဟယ်​ ငါတို့ဥထားတဲ့ uke က၂​ယောက်​ ဘယ်​သူနဲ့​ပေးစားရမှန်းမသိ​သေးဘူး"
"​အေး ဟုတ်​တယ်​"
"​သော်​တာ ရရဲ့လား အဆင်​​ပြေလား နာ​နေ​သေးလား"
"အဆင်​​ပြေပါတယ်​ငခန့်​ရယ်​ မနက်​က​ချော်​လဲထားတာ​ရော​ကြောင့်​နည်းနည်းနာ​နေ​သေးတာပါ"
ခန့်​ညီ pov>>>>
ကျွန်​​တော်​လည်း​သော်​တာအဆင်​​ပြေတယ်​ကြားလို့​​ရှေ့လှည့်​လိုက်​သည်​။ အမယ်​​လေး လပြည့်​နဲ့​ရောင်​ခြည်​ ကျွန်​​တော်​နဲ့​သော်​တာကိုကြည့်​​နေတာ မျက်​လုံးထဲက​နေအသည်း​ပုံ​တွေထွက်​လာ​တော့မယ့်​အတိုင်းပဲ
"လန့်​တာ ဘာလို့​သေမလို​တွေကြည့်​​နေတာလဲ"
"ဟီး လင်​လင်​၂​ယောက်​ရို​နေတာကိုကြည့်​​နေတာ"
"​သေ​လေ ဘယ်​သူကရို​နေလို့လည်း"
"အမယ်​ မျက်​နှာကြီးနီပီးရှက်​ရမ်းရမ်းမ​နေပါနဲ့ ခ်​ခ်​"
"​တော်​ပီဟာ မ​ပြော​တော့ဘူး လာ​သော်​တာ သွားမယ်​"
"ဟီး ခ်​ခ်​ "
ကျွန်​​တော့တို့စာသင်​ခန်းရှာပီးဝင်​ထိုင်​လိုက်​သည်​။ ဆရာကမလာ​တော့
"ဟဲ့ ကန်​တင်းသွားမယ်​"
💕💕💕💕
မင်း​သော်​တာ pov>>>>
ကျွန်​​တော်​တို့ကန်​တင်းထိုင်​​နေတုံး မနက်​ကဝင်​တိုက်​မိတဲ့အကို သူငယ်​ချင်းတစ်​​ယောက်​နဲ့ ကန်​တင်းထဲဝင်​လာတယ်
"ဟဲ့ ဟိုဟာ အ​ချေking သူရိန်​မြတ်​မင်းနဲ့ playboy မင်းသူရ မလား"
"​အေး ဟုတ်​တယ်​ ​ချောလိုက်​တာ "
တစ်​ခြားဝိုင်းက​ကောင်​မ​လေး​တွေ​ပြောတာကျွန်​​တော်​ကြားမိသည်​။ ဪ အကို့နာမည်​က သူရိန်​မြတ်​မင်းတဲ့လား။
"ဟဲ့​ရောင်​ခြည်​ ဟိုမှာ မနက်​ကအကိုမှတ်​လား"
"​အေးဟ ​ဘေးမှာလည်း seme type နဲ့အကိုတစ်​​ယောက်​ ဟီး "
"၂​ယောက်​ ၁​ယောက်​မမျှ​နေတာ ခု​တော့ ခ်​ခ်​"
"နင်​တို့နှစ်​​ယောက်​ကလည်း မိန်းက​လေး​တွေဖစ်​ပီး လိုက်​​ငေးမ​နေကြနဲ့"
"​အေးပါ ခန့်​ညီရယ်​ နက်​တစ်​​ယောက်​ပဲ ​သော်​တာတစ်​​ယောက်​ပဲလူလို့ထင်​ပီးကြည့်​​နေနိုင်​တာ ငါတို့က​တော့​ချောတာမြင်​တိုင်း လိုက်​မကြည့်​ပဲမ​နေနိုင်​ဘူး"
"ဟာနင်​တို့၂​ယောက်​​နော်​ ​လျှောက်​​ပြောမ​နေနဲ့"
အဲ့ဒီ့ fujoushi မ ၂​ယောက်​ဟာ​လေ ခန့်​ညီကိုကြည့်​လိုက်​​တော့လည်းမျက်​နှာကြီးနီ​နေသည်​။ ကျွန်​​တော်​လည်းပူထူလာမိသည်​။
"​တော်​​တော့ မှာထားတာ​တွေ ​ရောက်​​တော့မယ်​ စားပီးအိမ်​ပြန်​ကြမယ်​ အတန်းချိန်​မရှိ​တော့ "
"​အေးပါ"
လပြည့်​နဲ့​ရောင်​ခြည်​ကလည်းကျွန်​​တော်​တို့နှစ်​​ယောက်​ကိုကြည့်​ပီး တစ်​​ယောက်​နဲ့တစ်​​ယောက်​မျက်​မပစ်​​နေကြသည်​။
💕💕💕💕
မင်းသူရ pov>>>>
ကျွန်​​တော်​နဲ့သူရိန်​ ကန်​တင်း​ရောက်​​တော့ ​ကောင်​မ​လေး​တွေများကြည့်​​နေတာ ကျွတ်​ စိတ်​ပျက်​စရာ​တွေ
ကျွန်​​တော်​စိတ်​ဝင်​စားစရာ​တွေ့လိုက်​သည်​။ ​ကောင်​​လေး၂​ယောက်​နဲ့​ကောင်​မ​လေး၂​ယောက်​ဝိုင်းထိုင်​​နေတာကို
ကောင်​​လေးက​ဘေးကသူငယ်​ချင်း​တွေစလို့ထင်​ပါသည်​ မျက်​နှာကြီးနီပီး​ခေါင်းငုံ့ထားတာများ ​မြေကြီးထဲဝင်​​တော့မတတ်​။
"သူရ သူရ..."
"ဟမ်​ ဘာလည်း"
"ဒီ​လောက်​​ခေါ်​နေတာကို ဘာ​တွေ​တွေး​နေတာလည်း"
"အာ ဘာမှမ​တွေးပါဘူး"
<ကျွန်​​တော်​က အာ့က​လေး​ကြောင့်​ ​ခေါ်မကြား​အော်​မကြားဖစ်​​နေတယ်​တဲ့လား ဟူးးး ကျွတ်​ စိတ်​ပျက်​တာ ကျွန်​​တော့ style မဟုတ်​တာ​တွေ>
"သူရ မင်းဘာဖစ်​​နေတာလည်း တစ်​​ယောက်​ထဲ​ခေါင်း​တွေယမ်း​နေတာ ​နေမ​ကောင်းဘူးလား"
"ဘာမှမဟုတ်​ပါဘူးကွာ ချစ်​ဆုံးကြီးကစိတ်​ပူ​နေတယ်​​ပေါ့"
"မင်း အထိုးခံချင်​​နေတာလား"
"မခံချင်​ပါဘူးကွာ အတန်းချိန်​မရှိရင်​မင်းအိမ်​လိုက်​မယ်​ကွာ"
"ဘာလိုက်​လုပ်​မှာလည်း"
"ဒီတိုင်းပဲ"
"လိုက်​ခဲ့​ပေါ့"
ကျွန်​​တော်​ သူရိန်​ကို အရမ်းခင်​ပါသည်​။ သူရိန်​အိမ်​ကို ​ရောက်​​တော့
"အန်​တီ​ရော"
"အ​မေမရှိဘူး အလုပ်​နဲ့ခရီးသွား​နေတယ် ငါ​ရေချိုးလိုက်​အုံးမယ်​ ​ငါ့အခန်းကို​လျှောက်​မဖွနဲ့​နော်​"
သူရိန်​​ရေချိုခန်းထဲဝင်​သွား​တော့ ကျွန်​​တော်​အခန်းထဲကို​လျှောက်​ကြည့်​မိသည်​။ သူရိန်​အခန်းကသန့်​ရှင်းသပ်​ရပ်​​နေသည်​။ ကျွန်​​တော်​လည်းသူရိန်​နဲ့ငယ်​ငယ်​ကအတူတူရိုက်​ထားတဲ့ဓာတ်​ပုံ​တွေ​တွေ့လို့ကြည့်​​နေတုံး သူရိန်​​ရေချိုးခန်းထဲက​နေ ခါးမှာ တဘက်​တစ်​ထည်​တည်းပတ်​ပီး ထွက်​လာသည်​။
သူရိန်​ကိုကြည့်​လိုက်​မိသည်​၊ six packs ​ရေး​ရေး​လေးထင်​​နေပီးအသား​ရေမှာအရမ်းလည်းမဖြူ အရမ်းလည်းမညို ကြည့်​​ကောင်းသည်​။ ကျွန်​​တော်​ကြည့်​​နေတာကိုသိ၍ထင်​သည်​၊ မျက်​နှုဖြူဖြူ​လေးတွင်​ပန်း​ရောင်​သန်း​နေသည်​။
အများသိ​သောအ​ချေkingသည်​ဤသို့​သော ချစ်​စဖွယ်​အမူအရာလည်းရှိပါသည်​။ ထိုအမူအရာသည်​ ကျွန်​​တော်​တစ်​​ယောက်​တည်း သိ​သော အမူအရာသာဖြစ်​ပါသည်​။
"သူ သူရ ဘာလို့စိုကိကြည့်​​နေတာလည်း"
"ဘယ်​လိုထင်​လဲ"
"​ဟေ့​ရောင်​ မင်း မင်း ဘာ ဘာလို့ ​ရှေ့ကိုတိုး တိုးလာတာလဲ"
"မင်းက​ရောဘာလို့ ​နောက်​ဆုတ်​သွားတာလဲ"
"မင်း မင်းက ​ရှေ့ကိုတိုး တိုးလာလို့​လေ"
ဟက်​ ချစ်​ဖို့​ကောင်းလိုက်​တာဗျာ အသံ​လေးကိုတုန်​လို့ သူ့များဘာလုပ်​မယ်​ ထင်​​နေလဲမသိဘူး
"သူရိန်​ ငြိမ်​ငြိမ်​​နေ မလှုပ်​နဲ့​နော်​"
>>>>>>>>>>>>>>>>>
ပထမဦးဆုံး​ရေးတဲ့fic​လေးမို့လို့ အမှားပါတာရှိရင်​သည်းခံပီးဖတ်​​ပေးကြပါ လိုအပ်​​တာရှိရင်​​ဝေဖန်​ပီး​ပြောပြ​ပေးကြပါ 😊😊😊😊

❤❤အချစ်​ဖြစ်​တည်​ရာ❤❤Where stories live. Discover now