Boys Over Flowers(4)

161 18 0
                                    

Baekhyun မနက်စောစောစီးစီး ကြောင်တောင်တောင်ဖြစ်နေတယ် ။ တွေ့သမျှလူတိုင်းက baekhyun ကိုပဲ ဝိုင်းကြည့်နေကြတယ်....

ဒီနေ့ကံဆိုးချင်လို့ပဲလားမသိ Sulliက ကျောင်းတပတ်ခွင့်ယူထားတယ်...
သူ့အဖေဆီသွားမလို့တဲ့ baekhyun ကိုမနက်ကဖုန်းဆက်တယ် ။

တပတ်တောင် baekhyun တစ်ယောက် ဒီကျောင်းကြီးမှာ အထီးကျန်အုံးမယ် ~~~
Baekhyun တို့က ဒီနေ့အားကစားချိန်က အရင်ဆိုတော့ အဝတ်စားလဲခန်းကိုသာ တန်းသွားလိုက်တယ် ။

Lockerကိုဆွဲဖွင့်တော့ ရုတ်တရက် ပြုတ်ကျလာတဲ့ အနီကဒ်

Baekhyun ကျွတ်သပ်လိုက်တယ်

" ကျွတ် အရေးမပါတာတွေ လာလုပ်နေပြန်ပြီ
ဂြိုလ်သားကောင် သောက်ရမ်း ကလေးဆန်တယ်
ယောကျာ်းဖြစ်ပြီး သတ္တိမရှိဘူး ငါဘာလုပ်ရမှာလဲ အဲ့ အနီကဒ်ကို "

Baekhyun ပြောပြီး အနီကဒ်ကို လုံးချေကာ ကြမ်းပြင်ပေါ်ပစ်ချပြီး ခြေထောက်နဲ့ ဖိချေလိုက်သည် ။ အားကစားလုပ်ဖို့လဲ စိတ်မပါတော့တာကြောင့် ဝတ်စုံကို ပြန်ထည့်ကာ အဝတ်အစားမလဲတော့ပဲ ပြန်ထွက်လာသည် ။

အပြင်ရောက်တာနဲ့ မထင်မှတ်ထားတဲ့ အပြုအမူကြောင့် baekhyun လဲကျသွားသည် ။
Baekhyun ကို ဝင်တိုက်ကာ ရင်ဘက်ကိုဆောင့်တွန်းလိုက်တာကြောင့် တခါထဲ ထိုင်ရက် လဲကျသွားခြင်းဖြစ်တယ်...

Baekhyun ထိုကျောင်းသားကို ဘုကြည့်ကြည့်ကာ ပြန်ထလိုက်သည် ။ ထိုအချိန်မှာပဲ baekhyun ဆီကို ထပ်မံဝင်ရောက်လာတဲ့ ရေဘောလုံးတွေ..
ကျောင်းသား ၊ ကျောင်းသူတွေ ဝိုင်းပြီး baekhyun ကို ကြက်ဥတွေ ၊ ဂျုံတွေ ၊ ရေဘောလုံးတွေနဲ့ ပစ်ခတ်နေကြသည် ။

Baekhyun မုန်းတယ် ၊ ထိုသူအားလုံးကိုရော
ပြီးတော့ သူတို့တွေကို စေခိုင်းတဲ့
Park Chanyeol ကိုရော.... မုန်းတယ် ~~~

သူတို့အားလုံး ဝိုင်းနှိပ်စက်လို့ ဝတော့မှ baekhyun ကိုလွှတ်ပေးလိုက်တယ် ။ baekhyun တစ်ကိုယ်လုံးလဲ ကြက်ဥ အနှစ်တွေရော ဂျုံတွေကော ရောနေတာကြောင့်
ကိတ်မုန့်တောင် ဖုတ်လို့ရနေလောက်ပြီ

Baekhyun ဒီပုံစံနဲ့ သွားစရာနေရာမရှိတာကြောင့် သွားအော်နေကြ ခေါင်မိုးထပ်လေးကိုပဲ ရောက်ဖြစ်တယ် ။

Boys Over Flowers (Chanbaek Yaoi) Where stories live. Discover now