Hope World 1

1.2K 144 21
                                    

Zawgyi

1970 ပြည့်နှစ် သြဂုတ် ၁၅
*********************

ကိုးရီးယားနိုင်ငံရဲ့ နေ့ထူးနေ့မြတ်တစ်ရက် အဖြစ်လည်း ထွတ်ထွတ်မြတ်မြတ် ဖြစ်တဲ့ သြဂုတ်၁၅ရက်နေ့က ပြည်သူတွေရဲ့ အပြုံးပန်းတွေဝေဆာခဲ့တဲ့ နှစ်ပေါင်း ၂၁နှစ် ပြည့်တဲ့နေ့ပဲ။
ပြောရရင် ကိုးရီးယားအစိုးရရဲ့ လက်ဝယ်ပြန်လည်အုပ်ချုပ်နိုင်ခဲ့တဲ့နေ့ရက်။

လွတ်လပ်ရေးနေု့ဖြစ်တဲ့အတွက် ရိုးရာအစဉ်အလာနည်းအတိုင်းလုပ်သူကလုပ်နဲ့ လွတ်လပ်ရေးနေ့ကိုကြိုဆိုနေကြသည် ။

အဖြူရောင်နောက်ခံအရောင်ပေါ်မှာ အနီနဲ့အပြာစပ်ထားတဲ့ စက်ဝိုင်းသဏ္ဍန်အလုံးလေးရဲ့ဘေးနားမှာ black bars က လေးဖက်လေးလံ ဝန်းရံထားပြီး ။

ကျက်သရေရှိလွန်းတဲ့နိုင်ငံတော်အလံက လေယာဉ်ပေါ်ကဆင်းဆင်းချင်းတွေ့မြင်ရတဲ့အတွက် အနည်းငယ် ပျော်ရွှင်သလိုခံစားလိုက်ရ၏ ။

အညိုရင့်ရောင်ခရီးဆောင်လက်ကိုင်အိတ်အကြီးစားကိုကိုင်ထားပြီး
အထုတ်အထည်ရှိရှိ နောက်ထက်ဘေးလွယ်အိတ်ကလည်း ထပ်မံလွယ်ထားတဲ့  ကောင်လေးတစ်ယောက်က ကိုးရီးယားမြေကို ဒုတိယအကြိမ်ခြေချဖူးခြင်းပင်။

ငယ်ငယ်ကတည်းက လန်ဒန်ကိုပညာတော်သင်သွားရင်း အခြေချနေထိုင်ခဲ့တဲ့အတွက် အမိမြေကိုးရီးယားကိုပညာစုံရင်တော့ပြန်လာမယ်လို့ သူ စဉ်းစားခဲ့ဖူးတယ်။

ဟိုရှာဒီရှာနဲ့ ထိုကောင်လေးက
လူတစ်ယောက်ကိုမြင်မြင်ချင်း အမောပြေသွားသလိုနှင့် ရုပ်အသွင်က ပြောင်းလဲသွားခဲ့သည် ။

"နာယောင်း...''

"Welcome ပါ.....koreaက.ကြိုဆိုပါတယ်.....''

အနောက်တိုင်းဆန်ဆန် အနမ်းတစ်ပွင့်နဲ့နှုတ်ဆက်လိုက်ပြီး ဘိုဆန်ဆန်ခေတ်မီတဲ့သူမကြောင့် ခရီးပမ်းခဲ့သမျှ ကျွန်တော် ပြေပျောက်ခဲ့၏ ။
.
.

"လာ.....သွားကြရအောင်.....မိသားစုတွေစောင့်နေကြပြီ။ ''

ခပ်ညုညုအသံနှင့် ဆွဲဆောင်မှု့အားကောင်းလွန်းသည့် သူမက ပြတ်သားလွန်းသည့်စိတ်ကြောင့် ကျွန်တော်အတော်လေးတော့ လေးစား၏ ။

You've reached the end of published parts.

⏰ Last updated: May 01, 2020 ⏰

Add this story to your Library to get notified about new parts!

Welcome To My Hope WorldWhere stories live. Discover now