I can't live without you-16

1.2K 145 10
                                    

"ကိုယ်​မင်းရဲ့​သွေးကို​သောက်​ချင်​တယ်​​ဂျောင်​ဆူး"

ကျွန်​​တော်​​ပြောပြီး သူ​ရှေ့တိုးလိုက်​​တော့ အ​နောက်​ကိုဆုတ်​သွားသဖြင့်​ ရင်​ဘတ်​ကဆစ်​ခနဲနာကျင်​သွားသည်​။

ကိုယ့်​လိုမ​ကောင်းဆိုးဝါးကို​ကြောက်​​နေရင်​ကိုယ်​​ကျေနပ်​ပါပြီ​ဂျောင်​ဆူးရယ်​~~~

ကျွန်​​တော်​သူ​ဘေးကထပြီး နံရံ​ပေါ်မှာသူကပ်​ထားသည့်​ကျွန်​​တော့်​ဓာတ်​ပုံကိုဆွဲ​ခွာလိုက်​သည်​။

"​ဂျောင်​ဆူး...ဒီဓာတ်​ပုံ​လေးကို​သေချာကြည့်​ "

ပြောလိုက်​​တော့ ​​မော့ကြည့်​လာ​သော ​ဂျောင်​ဆူးမျက်​လုံးထဲမှာမျက်​ရည်​အဝိုင်းသားဖြင့်​..

"​ဂျောင်​ဆူး....မင်းကိုယ့်​ကို​ကြောက်​တာငိုစရာမလိုဘူး!ကိုယ်​နားလည်​တယ်​ "

ဂျောင်​ဆူးပါးကိုခပ်​ဖွဖွပွတ်​​ပေးရင်း မျက်​ရည်​စများကိုဖယ်​ရှား​ပေး​တော့ သူက​အောက်​မှာအသံကြိတ်​ငို​နေသည်​။

"မငိုနဲ့​တော့လို့ ကိုယ်​​ပြော​နေတယ်​​လေ!!"

ခပ်​ကြမ်းကြမ်း​အော်​လိုက်​​တော့မှ အသံတိတ်​သွားသည်​။

ဒါ​ပေမဲ့ ​​ဂျောင်​ဆူးပါးပြင်​​ပေါ်မှာ​တော့မျက်​ရည်​​တွေကစီးကျ​နေဆဲ~~~

ကျွန်​​တော်​စိတ်​တင်းထားပြီး အိတ်​ထဲမှမီးခြစ်​ကိုယူကာ ကျွန်​​တော့်​ဓာတ်​ပုံကိုမီးရှို့လိုက်​သည်​။

"ဘာလုပ်​တာလဲ! အဲ့လိုမလုပ်​နဲ့!ဂျုံအင်း!!!"

ကျွန်​​တော်​လက်​ထဲက ဓာတ်​ပုံကိုအတင်းဆွဲလု​နေသည့်​ ​ဂျောင်​ဆူးကိုချုပ်​ထားပြီး ဓာတ်​ပုံပြာဖြစ်​သွားသည့်​အထိ​စောင့်​​နေလိုက်​သည်​။

"​ဂျောင်​ဆူး...ကိုယ့်​ကိုလဲ ဒီဓာတ်​ပုံပြာကျသွားသလို
မင်းဘဝထဲကထုတ်​လိုက်​​တော့!သတိလဲမရနဲ့​တော့!လွမ်းလဲမလွမ်းနဲ့​တော့!​နောက်​...​နောက်​ပြီးချစ်​လဲမချစ်​ပါနဲ့​တော့ "

ကျွန်​​တော်​​ပြောပြီး သူကို​ကျော​ပေးကာထွက်​သွားရန်​ပြင်​​တော့....

I can't live without you(Kaisoo Yaoi)Where stories live. Discover now