အိပ်ရာကနေ ထ,ထခြင်းမှာတောင် နှုတ်ခမ်းပါးတွေကနေ ဖြစ်တည်မိတဲ့ အပြုံးတွေရဲ့ တရားခံဟာ ရင်ခွင်ထဲ၌ မျက်နှာအပ်ကာ အိပ်ပျော်နေသော ချစ်ရသူကြောင်း ။ ချစ်ရသူကလေးငယ်သည် သူကျွန်တော့်အနားမှာ ရှိတာနဲ့တင် ကျွန်တော့်ကိုပျော်ရွင်စေသော စွမ်းအားကို ပိုင်ဆိုင်ထားပုံပင် ။ အချိန်တွေကြာသွားသော်လည်း အချစ်မလျော့ရပါပဲ ကျွန်တော့်မျက်စိထဲ၌ ကလေးငယ်ဟာ တနေ့တခြား ပိုပိုပြီး ချစ်စရာကောင်းကောင်းလာတာက ကျွန်တော့်ရဲ့ ရောဂါတပါးပင် ။ ကျွန်တော်အမြတ်တနိုး မွေးထားပါသော ကျွန်တော့်ရဲ့ တခုတည်းသော ရောဂါ ။ ထိုရောဂါရဲ့ side affect ကတော့ ကလေးငယ်ကို တနေ့မမြင်ရရင် နေထိုင်မကောင်းလောက်အောင် လွမ်းရခြင်းပင် ။
ကျွန်တော့်ရင်ခွင်မှာ မျက်နှာအပ်ပြီး အိပ်နေတဲ့သူ ကလေးငယ်ရယ် အသက်ရှုမကျပ်ဘူးလားဆိုတော့ Jin Hyung ရဲ့ ကိုယ်သင်းနံက မွှေးတယ်တဲ့ သူသည် အဲ့လိုလည်း မသိမသာ ချွဲတတ်သေးသည် ။
ကိုယ်ကို ဘေးလေးအသာစောင်းကာ ကလေးငယ်၏မျက်နှာကို တခုချင်းစီလိုက်ကြည့်မိနေသည် ။မမြင်ဖူး၍မဟုတ် ဘယ်ချိန်ကြည့်ကြည့် မရိုးသွားဘဲ ဆန်းကြယ်ခြင်းတို့ ပိုင်ဆိုင်ထားတဲ့ ကလေးငယ်ရဲ့ မျက်နှာ ။ အခုချိန်အထိ တွေ့ရတာများလာသည့်တိုင် ကျွန်တော့်နမ်းနေကြ ထိုနှုတ်ခမ်းပါးလေးများသည် စွဲမက်စရာကောင်းတုန်း ၊ မျက်လုံးလဲ့လဲ့လေးများက ငေးကြည့်ချင်စရာကောင်းတုန်း ၊ ပါးအိအိလေးများက မွှေးကြူချင်စရာကောင်းတုန်းပင် ။ ကလေးငယ်ရဲ့မျက်နှာကို သေချာလိုက်ကြည့်ရင်း ကျတော့်တွေးမိတာက ချစ်ရသူ ကလေးငယ် သည် လူသားမဖြစ်နိုင် ပြီးပြည့်စုံမှုတွေကို အကုန်ပိုင်ဆိုင်ထားလို့ နတ်မင်းကြီးက နယ်နှင်ဒဏ်ပေးခံရ၍ ကမ္ဘာပေါ်သို့ နတ်သက်ကြွေကာ ဆင်းသက်လာရသော နတ်သားတပါးပင် ဖြစ်လိမ့်မည် ။ သိပ်လှရက်တဲ့ နတ်သားငယ်လေး ။ သို့မဟုတ်စေကာမူ ကျွန်တော့်ဘဝရဲ့ တဦးတည်းသော နတ်သားငယ် ။
လက်မောင်းပေါ် ခေါင်းအုံးအိပ်နေတာကြောင်း တချက်ရှေ့ကိုဆူနေတဲ့ နှုတ်ခမ်းလေးအား နမ်းလိုက်တော့ မျက်မှောင်ကြုပ်သွားတာကြောင်း နှာခေါင်းလေးကို လက်နဲ့အသာညစ်လိုက်တော့ အင်းအဲလုပ်ကာ တခြားဘက်ကို လှည့်အိပ်သွားတဲ့သူ ။ အိပ်မောကျနေတဲ့ ကလေးငယ်ကြောင်း ခါးကစောင်ပါးကို လည်ပင်းနားအထိခြုံပေးပြီး ကျတော့်လည်း အနားက စွပ်ကျယ်တထည်ကောက်ဝတ်ကာ သူ့ဘေးကနေ သာသာလေး အိပ်ရာထခဲ့သည် ။

YOU ARE READING
Without YOU ~~[Completed]
Fanfictionမင်းမပါတဲ့ ငါ့ဘဝက သက်မဲ့လွန်းတယ် Yoon ~ ကျတော်က အကိုရဲ့ တောင်ပံတစုံဖြစ်ပေးမှာပါ~