__1__

1.3K 168 24
                                    

ရောင်စုံပျိုမဒီတို့ရဲ့ ကာလာတွေကြားမှာ
ပျော်မွေ့ရတာကို သဘောကျတယ်။
တိတ်ဆိတ်ခြင်းအပြည့်နဲ့
ကျယ်လောင်မှုတွေကို မက်မောလာတယ်။
မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေကိုလဲ
တရစ်ရစ် ချည်နှောင်ရတာများခဲ့ပြီ။
ခြုံငုံပြောရရင်တော့ ကျတော့်ဘဝကြီးက
အရမ်းကို အထီးကျန်ဆန်နေခဲ့တာပဲ။

"Hay...Kook!ဒီညစောလှချည်လား"

အင်းးး...ညရှစ်နာရီဆိုတော့လဲ
စောသေးတာပေါ့....။
သွားနေကျBarဆိုတော့ တဆိုင်လုံးက
လူမှန်သမျှ သူ့ကိုသိသလောက်နီးနီးပဲ။
သူ့ရဲ့ ဆက်ဆံရေးတချို့ကိုရောပေါ့....။

"သူပြန်မလာသေးဘူးလား?"

ကြောင်တောင်တောင်နိုင်လိုက်တဲ့မေးခွန်း။
သူသာပြန်လာမှတော့ ဂျောင်ကုတယောက်
ဒီမှာ လာအလေလိုက်နေပါမယ်တဲ့လား။
သူ့အဖြစ်က သားကောင်ပျောက်တဲ့မုဆိုးလိုပဲ။
ပျောက်တယ်တော့ မဟုတ်ဘူးပေါ့လေ။
အင်းးး မုဆိုးကနည်းနည်းဂျီးများတဲ့သဘောပေါ့။

"ငါပျင်းတယ် Calvin"

"သူမရှိလို့လား?"

"မပြောတတ်ဘူး...."

"အစားထိုးကြည့်ပါလား...?"

"ဘယ်သူနဲ့?"

"မင်းပြောတဲ့ အင်နိုးစန့်လေးဆိုတာလေ"

အင်နိုးစန့်လေးကိုတော့ မလုပ်ရက်ဘူး။
မလုပ်သင့်ဘူးမလား....?
တခါမြင်ဖူးရုံနဲ့ မမေ့နိုင်လောက်အောင်
လှသည်...ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေး။

သူ့သူငယ်ချင်းတွေကို စကားပြောနေတဲ့
ပန်းချီကားလေးထဲမှာ လေးထောင့်ဆန်ဆန်
အပြုံးလေးက အသက်ဆိုရင်
နှာဖျားထိပ်က မှည့်အညိုလေးကတော့
အောက်ဆီဂျင်ပဲ...။

"မဖြစ်လောက်ဘူး...
ငါသူ့ကိုတော့ ဒီတိုင်းလေးပဲ
ထားချင်မိတယ်...ပြီးတော့
င ါ က S t r a i g h t ေ လ"

ယောက်ျားမိန်းမ မရွေးတန်းတူ
ချစ်ရေးဆိုနေကြတဲ့ ခေတ်ကြီးထဲမှာ
သူလို ရုပ်ချောချော တောင့်တောင့်ဖြောင့်ဖြောင့်
Straightစစ်စစ်ကို ရှာဖို့လွယ်မယ်တော့
မမှတ်လိုက်နဲ့နော်....။
ခုခေတ်က ရရင်ရသလို
ကွေးပစ်ချင်နေကြတာတွေချည်းပဲ။

CyclamenWhere stories live. Discover now