[Zawgyi]
ကျနော့်မှာ ကျနော်အရမ်းမြတ်နိုးရတဲ့ခေးလေးတျောက်ရှိတယ်။
သူကကျွန်တော့ပေါ်အရမ်းဆိုးတယ်။ရစ်တယ်။ဂျီကျတယ်။
ဒါပေမဲ့ သူကျနော့်ပေါ် အဲ့လိုလေး
ဆိုးနေရစ်နေတတ်တာကိုဘဲ
ကျနော်ကကျေနပ်နေတာဗျ။ကျနော့်ခေးကအခုမှအထက်တန်းကျောင်းသားလေးရှိသေးတာ။ (ကလေးမုန့်ပေးကြိုက်တယ်လို့တော့မထင်စေချင် 😅)
ကျနော့်ခေးနဲ့စတွေ့ပုံက သိပ်တော့မထူးဆန်းနေဘူး။ သာမန်ရိုးကျဘဲ။
ခေးလေးကကျနော့်သူငယ်ချင်းရဲ့တူလေး။ အဲ့တော့
သူငယ်ချင်းဆီလာလည်ရင်းသူလေးနဲ့စတွေ့ခဲ့တာ။ကျနော့်ခေးက အရမ်းချစ်ဖို့ကောင်းတာ။ ခေးကလေသူ့ကိုကလေးလိုဆက်ဆံတာမကြိုက်ဖူးဗျ။
ကလေးဂိုက်နဲ့လူကြီးရုပ်မတရားဖမ်းသောပါဘဲ။ ကျနော်ပေးထားတဲ့ ကျနော့်ခေးရဲ့နာမည်ပြောင်ကboss babyလေး။အဲသူ့ရှေ့တော့သွားမခေါ်မိမှ သူကမတရားလည်းကောက်တတ်တယ်။စိတ်ကိုပြောတာပါ
ဟဲဟဲ ။ကျနော့်နာမည်ကkim kaiပါ။ ကျနော့်ခေးနာမည်က ooh sehunတဲ့။အခုကျနော်က ခေးနဲ့အတူနေတာလေ။
အတူနေတယ်ဆိုတော့ တမျိုးတော့မထင်ပါနဲ့။ကျနော့်နဲ့ခေးကအခုထိချစ်သူမဖြစ်သေးဘူး ။ကျနော်ဖွင့်ပြောထားပေမဲ့လက်မခံသေးဘူးဗျ။ကျောင်းပြီးမှစဉ်းစားပေးမယ်တဲ့။ကျနော့်သူငယ်ချင်းbaekhyunကတော့ သူ့တူသဘောဘဲတဲ့လေ။
ဟာကျောင်းဆင်းချိန်ရောက်နေပြီဘဲ သူလေးကိုသွားကြိုလိုက်အုံးမယ်။ နောက်ကျနေရင် ခေးကစိတ်ကောက်တော့မယ်ဗျ
............
"ဘာလဲဟ ဒီလူကြီးခုထိငါ့ကို လာမကြိုသေးဘူး လာခါမှ စိတ်ကောက်ပြီးစကားပြန်မပြောဘဲနေလိုက်မယ် "
ဟောကျောင်းရှေ့မှာ ကျနော့်ခေးလေးကိုတွေ့ပါဘီဗျာ
မျက်နှာစူပုတ်နေပြီး ပါးစပ်ကလည်းဘာတွေရွတ်နေလဲမသိ။
တမျိုးလေးချစ်ဖို့ကောင်းတာတော့အမှန်ဘဲ"ခေး ဦးနောက်ကျသွားတယ် တောင်းပန်တယ်နော် လမ်းမှာ ကားကြပ်နေလို့ပါ"