Pink🌺Part 1

1.5K 128 35
                                    

🌼အချစ်🌼

.....အချစ်နဲ့ ပတ်သက်ပြီး...

..ယူဆချက်တွေ အမျိုးမျိုးကြားဖူးကြပါလိမ့်မယ်..

...အချစ်ဆိုတာ...ပေးဆပ်ခြင်းသက်သက်...
..အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း....
...အချစ်ဆိုတာ မျှ ဝေခံစားခြင်း...

...ကြားဖူးနေကျ သီချင်းတစ်ပုဒ် ထဲက

အတိုင်းဆိုရင်တော့...ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ..
..ဝမ်းနည်းတဲ့အခါ နေမင်းကုဋေကဋာ..

အစရှိသည်ဖြင့်ပေါ့....

...ကျွန်တော့်မှာလဲ အချစ်နဲ့ပတ်သက်တဲ့
ကိုယ်ပိုင်သီအိုရီလေး တစ်ခုရှိတယ်...
ကိုယ်တိုင်တမင်ဖန်တီးခဲ့တာ မဟုတ်ပေမယ့်...
တဖြည်းဖြည်း ချင်းအလိုအလျှောက်ကြီးထွားအမြစ်တွယ်လာခဲ့တဲ့ အဲ့ဒီ ပန်းနုရောင်သီအိုရီ လေးကိုကျွန်တော် မြတ်နိုးလွန်းလို့ တယုတယ ပျိုးထောင်ထားခဲ့တာ ဒီနေ့ဒီအချိန်ထိ...
အဲ့ဒီ သီအိုရီ လေးအတိုင်းဆိုရင်....

..အချစ်ဆိုတာ.....

******

"လွှတ်ပေးလိုက်လေ သား"

"မရဘူး..အနားမှာပဲနေ.."

ခေါင်းတွေပွင့်ထွက်မတတ်ကိုက်ခဲနေပြီး..တစ်ကိုယ်လုံးနုံးချိ နေပေမယ့်...
ကာတွန်းရုပ်လေးတွေနဲ့ ကိုကိုငယ်ရဲ့ ဘောင်းဘီစကို ဆွဲဆုပ်ထားတဲ့လက်က အားတစ်ချက်မှ မလျော့။

"ဂျွန် စာကျက်ရအုံးမယ်လေ...သားအနားမှာ မာမားနေပေးမှာပေါ့...ဂျွန်ပြန်ပါစေ.."

"ဟင့်အင်း"

ဖျားနာခဲပေမယ့်...
ရာသီအကူးအပြောင်းမှာ အအေးမိသလိုလိုကနေ ပေါ့ပေါ့တန်တန် နေရင်း ဆေးသောက်ဖို့လဲ
ကြောက်ကြောက်နဲ့ ငြင်းနေခဲ့မိတာကြောင့်
အိပ်ရာထဲလဲရသည်အထိ...
နေမကောင်းဖြစ်ပြီဆိုရင် အနားမှာ တစ်ယောက်ယောက် ရှိနေပေးမှ နေသာတယ်လို့ထင်သည်။အထူးသဖြင့် မာမားနဲ့ ကိုကိုငယ်...
သတင်းလာမေးကြတဲ့ ကိုကိုကြီး ရော...
အန်ကယ် နဲ့ အန်တီပါ ကိုကိုငယ့်ကို အိမ်ပြန်ခေါ်ဖို့ စောင့်နေကြတာသိပေမယ့်
လွှတ်မပေးချင်။

"မနက်ကျရင် ဂျွန်က စောစောလာတွေ့မှာပေါ့
သားရဲ့.."

ခေါင်းထပ်ခါပစ်လိုက်တော့ မာမားဆီက သက်ပြင်းချသံ သဲ့သဲ့ကြားသည်။ခြံစည်းရိုးလေးပဲခြားတာသိသားပဲ...ဒါပေမယ့်

ပန်းနု​ရောင်​သီအိုရီ (ပန်းနုရောင်သီအိုရီ)Where stories live. Discover now