Pink🌺Part 2(Final)

1.3K 137 28
                                    

"သူကမင်းထက်ဘာများသာနေလို့လဲ"
မနက်ward ထဲ စရောက်ကတည်းက ဇယ်ဆက်သလိုမရပ်မနားအလုပ်တွေလုပ်နေရင်းကြားက အနားကပ်မိရင်ကပ်မိသလို ချန်းဆီက မကျေမနပ်စကားသံတွေကြားနေရသည်။
မော့ကြည့်မိတော့ ချန်းအကြည့်တွေက အမျိုးသားလူနာတွေထားတဲ့ဖက်ဆီမှာ....

ချန်းရည်ရွယ်သည်က Ward roundနေတဲ့ ကိုကိုငယ့်အနားရောက်နေသည့် ရန်သူတော်စီနီယာကို...

ရန်ပွဲမမြည်သော်လဲ အချေအတင်တွေဖြစ်ခဲ့ကြတဲ့ညကနေ စလို့ ကိုကိုငယ်ကလဲ တမင်ရှောင်သလို..ကိုယ်တိုင်ကလဲသွားမရှာဖြစ်ခဲ့..လူကြီးတွေကမေးလာတဲ့အထိသိသိသာသာဖြစ်လာခဲ့တော့..စိတ်ကောက်နေတာလို့ပဲ လွယ်လွယ်ဖြေထားခဲ့သည်။

Tutorialပြီးလို့ Wardထဲမှာ Practicalဆင်းတဲ့အထိ ကိုကိုငယ်တာဝန်ကျနေတဲ့အဆောင်မှာပဲ အတူတတူကျခဲ့ပေမယ့် မေးထူးခေါ်ပြောလောက်ကလွဲရင် ခပ်တန်းတန်း...

"ငါသာဆိုရင် မင်းကိုပဲရွေးမိမှာ..စီနီယာဆိုတဲ့ ဂုဏ်ပုဒ်ကလွဲရင် ရုပ်ရည်ရော အရပ်အမောင်းကအစ မင်းကပိုပြီးသာ.....  "

"မင်းငါ့ကိုကြိုက်နေတာများလား ပတ်ချန်း "

"ထွီ!!!ကြံကြီးစည်ရာကွာ..."
ရွံတယ်ဆိုတဲ့ပုံစံမျိုးချက်ချင်းလုပ်ပြတဲ့ချန်းကို နားရွက်ဆွဲလိမ်ပစ်လိုက်တော့ ဆဲရေးသံတိုးတိုးပြမ်ရလိုက်သည်။

"သူတာဝန်ကျတဲ့ အဆောင်မဟုတ်ဘဲ အကြောင်းရှာပြီးလာနေတာကို ကြည့်မရလို့ပြောနေတာ"

"အဲ့ဒါထားလိုက်တော့ ချန်း..ငါ့ကိုတစ်ခုခုလုပ်ပေးစမ်းပါ...ငါဗိုက်အောင့်နေတာမနက်ကတည်းက အခု ပိုဆိုးလာသလိုပဲ "

တကယ်တမ်း တော့ ညကတည်းက နည်းနည်းချင်းစီအစပြုနေခဲ့သည့် ဝေဒနာ.. အမှုမဲ့အမှတ်မဲ့နေခဲ့ရာက မနက်လင်းတော့ သိသိသာသာ ဖြစ်လာခဲ့သည် ။

"ဘယ်နားကအောင့်နေတာလဲ"

တစ်ချက်တစ်ချက် ထိုးအောင့်နေတဲ့ ဝမ်းဗိုက်ညာဖက်အခြမ်းတစ်နေရာကို ပတ်ချန်း အားညွှန်ပြဖို့ပြင်ဆဲ...

"ဒေါက်တာဂျွန်!!!"

"ဒီPatientက Heart rate မရတော့ဘူး တစ်ချက်ကြည့်ပါအုံး "

You've reached the end of published parts.

⏰ Last updated: Jul 02, 2020 ⏰

Add this story to your Library to get notified about new parts!

ပန်းနု​ရောင်​သီအိုရီ (ပန်းနုရောင်သီအိုရီ)Where stories live. Discover now