Nameless

148 13 3
                                    

လိပ်ပြာလေးတွေ လွှတ်ချင်လို့ ပုလင်းထဲကို
ဖမ်းပြီးထည့်နေတယ် ဟန်နီ
လွှတ်ဖို့်ဖမ်းတယ်တဲ့ တော်တော်သွပ်သွပ်ခါတဲ့
နေ့တွေပါပဲ အတောင်ပံပါတဲ့ သတ္တဝါတွေပျံသန်းခွင့်မရတာ ဘယ်လောက်တောင်ဆိုးလိုက်လဲ
တကယ့် အဆွေးဇာတ်ကြီးပဲ

ငါပန်းပင်လေးတွေ စိုက်ဖြစ်တယ် ဟန်နီ
ဘာရယ်တော့မဟုတ်ဘူး ပန်းပွင်ခ့ါနီးရင်အမြှစ်ကနေ ဆွဲနူတ်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့
ငါ့လက်စားချေခြင်းပေါ့ ဟန်နီ
လူတွေသေရင် ငါမငိုဘူး သိလား
လူတွေသေတာ ပွင့်ခါနီးမှဆွဲနူတ်လောက်တဲ့
ပန်းပင်တွေလောက် ငိုစရာကောင်းလို့လား
ငါမငိုဘူး ဟန်နီ ငါမငိုဘူး

ငါဒီနေ့ရုပ်ရှင်သွားကြည့်တယ် ဟန်နီ
ငါ့ပုံတူချာတိတ်က
နှင်းတွေကျနေတဲ့ညတညရဲ့ ဝရန်တာမှာ
ငေါင်ငေါင်လေးထိုင်ရင်းဟိုးအဝေးက လမင်းကိုငေးရင်း စကားတွေပြောလိုက် ငိုလိုက်နဲ့
တော်တော်အလုပ်ရှုပ်နေတာ
ဇာတ်သိမ်းသိပြီးသားဆိုတော့ ငါထပြန်လာခဲ့လိုက်တယ် ဟန်နီ

ငါအတွက်သေပေးပါလား ဟန်နီ
အခုလို သစ္စာဖောက်တယောက်ကိုအရှက်မရှိမျှော်လင့်နေတာထက်စာရင်
ကွယ်လွန်သူတယောက်ကို ချစ်နေရတာမှတန်ပါသေးတယ်
ငါ့အတွက်သေပေးပါလား ဟန်နီ
ဒါမှမဟုတ် ငါသေပေးရမလား လူတွေသေရင်နောက်ဘဝရှိတယ်ဆိုတာ ငါယုံကြည်ချင်လို့
ပြီးတော့ ဒီဘဝမှာပဲ အဖန်တလဲလဲပြန်ဝင်စားချင်လို့ ငါသေပေးရမလား ဟန်နီ
ဒါမှမဟုတ် ငါတို့နှစ်ယောက် နောက်ဘဝထိ
တယောက်ကိုတယောက်ဓားနဲ့ထိုးတမ်း ကစားကြမလား

ငါရုပ်ရှင်တကားကြည့်ဖြစ်တယ် ဟန်နီ
ဇာတ်လိုက်ဟာ အစမှာတော်တော်ဒုက္ခရောက်ခဲ့တယ်
အလယ်လောက်မှာ မင်းသမီးနဲ့တွေ့ခဲ့တယ်
ဇာတ်သိမ်းမှာ အဆင်ပြေသွားတယ်
ငါမကြိုက်ဘူး ဟန်နီ တကယ်ဆို
ဇာတ်လမ်းအစမှာ ဇာတ်လိုက်ဟာ
ဒုက္ခအကြီးအကျယ်ရောက်တယ်
နောက်မင်းသမီးနဲ့တွေ့ပြီး အဆင်ပြေမလိုဖြစ်သွားခဲ့တယ်
ဇာတ်သိမ်းမှာ မင်းသမီးက ဇာတ်လိုက်ကို
သတ်လိုက်တယ် ဘယ်လောက်လှလိုက်လဲ ဟန်နီ
ငါဆွဲနူတ်လိုက်တဲ့ ပန်းပင်တွေမလှဘူးလား...

တကိုယ်ရည် အဆင်မပြေခြင်းများ

#ငြိမ်း

NamelessWhere stories live. Discover now