၁.သိပ်မုန်းစရာကောင်းတဲ့ ဦးမာန် (Z+U)

21.2K 1K 88
                                    

Zawgyi

တောက် တောက်

လေးလံနေဆဲ မျက်ခွံတို့ကို အားယူကာဖွင့်မိသည့်အခိုက် ပထမဆုံးကြားရသည်က
ရေချိုးခန်းထဲက ဘုံဘိုင်ထံမှ တစက်ချင်းကျနေတဲ့ ရေသံတချို့။

ကျိန်းစက် စိုစွတ်နေတဲ့ မျက်ဝန်းတွေကို တချက်နှချက်ခတ်လိုက်ကာ ဘေးကို ခေါင်းအသာငဲ့ကြည့်လိုက်တော့ အေးစက်နေတဲ့ နေရာလွတ်က ကြိုဆိုတယ်။

ဟက်.....

ခနိုးခနဲ့ပြုံးလိုက်မိတဲ့ နှုတ်ခမ်းထောင့်စွန်းမှာ နာကျင်မှုပါးပါးရောသည်။

မျက်နှာနှင့် အဝတ်မဲ့ ခန္ဓာအနှံ့ စေးကပ်နေသည့် အထိအတွေ့ကြောင့် ကိုယ်ပေါ်လွှမ်းထားတဲ့ သားမွှေးစောင်ကြီးကို ဖယ်လိုက်ကာ ခုတင်ပေါ်က ဆင်းလိုက်တယ်။

ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ အဝတ်တွေထဲက ဝတ်နေကျ အိမ်နေရင်း ဘောင်းဘီတိုလေးကို ကောက်စွပ်တော့ နာကျင်နေသေးတဲ့ အောက်ပိုင်းဒဏ်ရာတွေက စိမ့်ခနဲ။
အသံမထွက်အောင် ကြိတ်မှိတ် မြိုချလိုက်သည့်တိုင် ကျိန်းစက်နေတဲ့ မျက်ဝန်းအိမ်က မျက်ရည်တွေက အိခနဲ ပါးပြင်ပေါ် ပြိုဆင်းကျလာသည်။
ရွေးချယ်ခွင့်မရှိတဲ့ တန်ဖိုးဖြတ်ခံဘဝတွေက သိပ်ခါးတယ်။

ရေချိုးခန်းဆီ ခြေတလှမ်း လှမ်းလိုက်တိုင်း ကိုင်ရိုက်ထားသလို နာကျင်နေသော ခါးနှင့် အောက်ပိုင်း အတွင်းဒဏ်ရာတွေကြောင့် အံကိုတင်းတင်းဖိကြိတ်လိုက်မိသည်။

ဘယ်လောက်ပဲ အကြိမ်ရေများပါစေ၊ပုံမှန်မဟုတ်တဲ့ ဆက်ဆံမှုကြောင့် မရိုးနိုင်တဲ့ နာကျင်မှုတွေက သူနဲ့ အသားမကျသေးပေ။

ကလစ်

စေ့ရုံသာစေ့ထားတဲ့ ရေချိုးခန်းတံခါးကို အထဲရောက်တာနဲ့ လော့ချပစ်လိုက်သည်။အရူးတစ်ယောက်လို တုန်ယင်နေတဲ့ လက်ချောင်းတွေက ဘာကြောင့်မှန်းမသိတဲ့ အကြောင်းတရားတွေ စုပုံလို့ အေးစက်နေတယ်။

စိတ်အစဉ်က အမှောင်ထုထဲရောက်နေသလို အုပ်မှိုင်းကာ နွံထဲတွင် နစ်သထက်နစ်နေသလိုခံစားနေရသည်။
တုန်ယင်နေတဲ့ လက်ချောင်းတွေကိုထိန်းကာ
ဘေစင်မှာ မျက်နှာကို
ရေများများနဲ့ ပွတ်ချလိုက်မိပြီး ခေါင်းပြန်မော့လိုက်တော့

ဦးမာန် ( ဦးမာန် )Where stories live. Discover now