Zawgyi
နာရီလက်တံက ရှစ်ဂဏန်းထံပင် မညွှန်ပြသေးသော်လဲ လူနေထူထပ်တဲ့ မြို့ပြပီပီ ရန်ကုန်မြို့က ကားသံ၊လူသံတို့ ဖြင့် အသက်ဝင်နေလေပြီ။ ဆူးလေနှင့် မြို့တော်ခန်းမတစ်လျှောက် အလုပ်သွားသည့်လူတွေနှင့် လိုင်းကားတွေက ပျားပန်းခတ်မျှ တိုးလို့ ပင်မပေါက်နိုင်။သို့ သော်လည်း ဒါဟာ သာမန်လူတန်းစားတွေအတွက်သာ နေ့စဉ်နေ့တိုင်း ဖြတ်သန်းနေရသော လူနေမှုပုံစံဖြစ်သည်။
လိုက်ကာဖယ်ထားသော ဧည့်ခန်းမှန်မျက်နှာစာမှ တိုက်ရိုက်ကျနေသော နေရောင်ခြည်ဖျော့ဖျော့ကြောင့် အဖြူရောင်နံရံကပ်တွေ ကပ်ထားတဲ့ တိုက်ခန်းတစ်ခုလုံးက လျှပ်စစ်မီးမဖွင့်ဘဲနှင့်တောင် လင်းထိန်နေ၏။ဖန်ထည်ပစ္စည်းတွေ ၊ခဲရောင်ပရိဘောဂတွေဖြင့်သာ အိမ်ကြီးရှင် သဘောကျ ဖွဲ့ စည်းထားတဲ့ တိုက်ခန်းအတွင်းပိုင်းတစ်ခုလုံးက ရိုးရှင်းသော်လဲအဆင့်အတန်း မြင့်ကာ ခေတ်နှင့်လိုက်လျောညီထွေရှိသည်။
ခွမ်း..
ငြိမ်သက်နေတဲ့ တိုက်ခန်းထဲမှာ ဖန်သားနှင့် ကြမ်းပြင်ထိသံက ကျယ်လောင်စွာ အခန်းထဲ ပဲ့တင်ထပ်ထွက်လို့ လာတယ်။
"အ......"
တစစီကွဲသွားတဲ့ ကြမ်းပြင်ပေါ်က ဖန်ကွဲစကို ကောက်သိမ်းလိုက်တော့ဆစ်ခနဲဖြစ်သွားသည့်လက်ထိပ်နှင့်အတူ ကြမ်းပြင်ပေါ်တစက်စက်ကျလာတဲ့ နီရဲရဲ သွေးစတွေ။ရှရာဟက်တက်ဖြစ်သွားတဲ့ လက်ညိုးထိပ်ကို ကြည့်ပြီး နာရမည်ထက် စိတ်ပျက်စွာ ကျွတ်ခနဲညည်းတွားလိုက်မိတယ်။
ကံမကောင်းတဲ့နေ့ရက်တွေက အဆင်မပြေမှုတွေနဲ့ စတတ်လေသလားမပြောတတ်ပါ။ဖန်ကွဲစတွေကို ဆက်မသိမ်းတော့ဘဲသွေးစက်လက် လက်နှင့်ပင် တံမြက်စည်းနဲ့ဂေါ်ပြားထဲယက်ထည့်လိုက်ပြီး အမှိုက်ပုံးထဲ ထည့်လိုက်သည်။တစိမ့်စိမ့်နာလာသော ဒဏ်ရာကြောင့်တွန့်ကုတ်လာတဲ့မျက်ခုံးတန်းတွေနဲ့ ပြုံးချိုမျက်နှာက အနီရောင်ဘက် ပြေးလုလု။
"ဘာဖြစ်တာ လဲ?"
တရဟောကျနေသော သွေးတွေကို ရေဆေးနေစဉ် မီးဖိုခန်းထဲ ဝင်လာတဲ့ ခြေသံသဲ့သဲ့နှင့်အတူ ချိုမြသော အသံကြည်ကြည်က ပေါ့ပေါ့ပါးပါးပင်။
BẠN ĐANG ĐỌC
ဦးမာန် ( ဦးမာနျ )
Viễn tưởngကျွန်တော်တို့ တည်ရှိခြင်းက မနီးစပ်ခြင်းရဲ့ တစ်ဖက်ခြမ်းဆီမှာ... ကျွန်တော်တို့ တည်ရှိခြင်းက မနီးစပ်ခြင်းရဲ့ တစ်ဖက်ခြမ်းဆီမှာ...