သူ့ကြောင့် ကျနော် ငိုခဲ့ဖူးတယ်
သူ့ ကြောင့် ကျနော် ၀မ်းနည်းရတယ်
သူ့ ကြောင့် ကျနော် ပျော်ရွှင်ခဲ့ရတယ်
သူ့ ကြောင့် ကျနော် ပြုံးခဲ့ဖူးတယ်
ကျနော့် ရဲ့ အရာရာ အားလုံးက သူ့ ကြောင့်
ဖြစ်တည်ခဲ့ရတယ်။
ကျနော် သူ့ကြောင့် နာကျင်ရတာတွေများလာတဲ့အခါ
ကျနော် သူ့ကိုမုန်းခဲ့တယ်
သူ့ကို အပြစ်တွေတင်ခဲ့တယ်တကယ်တော့ အရာအားလုံးဟာ သူ့ကြောင့် မဟုတ်ဘဲ ကျနော့် ကြောင့်ဆိုတာ သူပြောမှ ကျနော် ကိုယ့်ကိုပြန်မြင်ခဲ့တယ်
Because
သူကပြောတယ်
သူကကျနော့်ကိုရွေးချယ်ခဲ့တာမှမဟုတ်ဘဲ
ကျနော်ကသာသူ့ကိုရွေးချယ်ခဲ့တာလေတဲ့
ကျနော့်ကိုသူက သူ့ကိုကြိုက်ပါ ချစ်ပါ
လို့လည်းမပြောခဲ့ဘဲ
ကျနော်က သာ သူ့ကိုအဝေးကသာ
လှမ်းကြည့်ပြီး သူ့ရဲ့အပြုအမူတစ်ခုခြင်းစီကိုလိုက်ခံစားတတ်ပြီး အရူးတစ်ယောက်လို နာကျင်လိုက် ရယ်လိုက် လုပ်နေခဲ့တာတဲ့
ကျနော် အဲ့နာကျင်မှုကို မခံစားနိုင်တော့တဲ့အခါ သူ့ကိုမုန်းပါတယ် လို့ ပြောမိခဲ့တယ်မတရားဘူးနော်တဲ့
သူတောင်ဘာဆိုဘာမှမသိလိုက်ဘဲ
အရာရာသူ့အလွန်ဖြစ်သွားခဲ့တယ်ဘာလို့ဆို ကျနော်က သူ့ကိုစချစ်ခဲ့မိလို့
ကျနော်ပြောခဲ့တယ် အရာရာသူလို့သူ့ဘက်ကပြန်ကြည့်တဲ့အခါ ကျနော်က သူ့ကို အရာရာ သူ့ကြောင့်ဆိုတော့ သူ့အလွန်ဖြစ်အောင်သိပ်လုပ်တဲ့လူတဲ့
ဟုတ်တယ်နော် သူ့ကိုဘဲအပြစ်ဖို့သလိုဖြစ်သွားတယ်
တကယ့် တရားခံက ကျနော် 😊
............................................