အခန်း(၁) နိဒါန်း

262 8 1
                                    

"သတင်းကောင်းပဲ ဝေဝူရှန့် သေပြီဟေ့!"

လွမ်ကျန်းတောင်မှဖမ်းဆီးပွဲအပြီးတစ်ရက်မပြည့်မှီမှာပင် သိုင်းလောကတစ်ခုလုံးသို့ ထိုသတင်းပြန့်နှံ့သွားသည်မှာ ဖြန့်ကျက်လိုက်သောအတောင်ပံများအလား တိုက်ပွဲ၏နှုန်းကိုပင်ကျော်လွန်၍သွားသည်။

ဤအတောအတွင်း အလွန်ထင်ရှားသောဂိုဏ်းကြီးများမှသည်သာမန်သိုင်းသမားငယ်များအထိ လူတိုင်းဆွေးနွေးနေကြသောကိစ္စရပ်မှာ ထိပ်သီးဂိုဏ်းကြီးလေးဂိုဏ်းဦးဆောင်၍ဂိုဏ်းငယ်ရာပေါင်းများစွာနှင့်အတူဆင်နွှဲခဲ့သော ထိုဖမ်းဆီးပွဲ အကြောင်းပင်ဖြစ်သည်။

"ရီလင်းအကြီးအကဲကသေသွားပြီ? သူ့ကိုဘယ်သူကသတ်လိုက်တာတုန်း?"

"ဘယ်သူရှိရမှာလဲ သူ့ဂိုဏ်းတူညီ ကျန်းချန်ပဲပေါ့၊ သူ့ရဲ့ဂိုဏ်းတူအစ်ကိုအတွက်အကောင်းဆုံးအဆုံးသတ်ပေးလိုက်တာပဲ။ ကျန်းချန်ကပဲ ယွင်မုန့်ကျန်းဂိုဏ်း၊ လန်လင်ကျင်းဂိုဏ်း၊ ကုစူးလန်ဂိုဏ်းနဲ့ ချင်ဟဲနျဲ့ဂိုဏ်း လေးဂိုဏ်းလုံးကိုဦးဆောင်ပြီးလွမ်ကျန်းတောင်ကသူ့စခန်းကိုဖျက်ဆီးလိုက်တာ။"

"ငါကတော့ အဲ့လိုဖြစ်သွားတာပဲကောင်းတယ်လို့ ပြောရမှာပဲ။"

"ဒါပေါ့ အဲ့လိုဖြစ်သွားတာပဲကောင်းတာပေါ့၊ တို့တွေလဲနောက်ဆုံးတော့ ဒီကပ်ဘေးဆိုးကြီးကို အဆုံးသတ်နိုင်ခဲ့ပြီ။"

"တကယ်လို့ ယွင်မုန့်ကျန်းဂိုဏ်းကသာ သူ့ကိုမွေးစားပြီးပညာတွေမသင်ပေးခဲ့ရင် သူကလမ်းပေါ်မှာပဲလေလွင့်တဲ့ တေလေဖြစ်နေခဲ့မှာ၊ ဒီနေ့ခေတ် အရှက်မရှိတဲ့သူတွေလိုပဲ တစ်ယောက်ထဲလျှောက်ပြီးဖျက်ဆီးရမ်းကားနေခဲ့မှာ။ ကျန်းမျိုးနွယ်ရဲ့ခေါင်းဆောင်က သူ့ရဲ့သားအရင်းလိုသဘောထားပြီး  မြေတောင်မြှောက်ပေးခဲ့တာတောင် သူတို့ကိုပြန်ပုန်ကန်ပြီးသိုင်းလောကတစ်ခုလုံးရဲ့ရန်သူပါဖြစ်လာခဲ့တာ၊ ကျန်းမျိုးနွယ်စုကိုလည်းအရှက်ရစေခဲ့တဲ့အပြင် အမျိုးပါပြုတ်လုနီးပါးဖြစ်အောင်လုပ်ခဲ့တယ်၊ သူကတော့ တကယ့်ကို "ကျွေးတဲ့လက်ကိုပြန်ကိုက်တယ်"ဆိုတာရဲ့ဥပမာအစစ်ပဲ။"

You've reached the end of published parts.

⏰ Last updated: Feb 04, 2019 ⏰

Add this story to your Library to get notified about new parts!

 မိစ္ဆာသိုင်းတို့ရဲ့အရှင်သခင်Where stories live. Discover now