Please , Remember Me
⌚ Episode ( 4 )Chaeတစ်ယောက် အလုပ်တွေပြီးလို့ အိမ်ပြန်လမ်းပေါ် ကားမောင်းရင်း ph:callတွေကို စစ်ကြည့်လိုက်တော့ Tzu နာမည်လေးက နေရာအပြည့်ယူထားခဲ့သည်..။
Chae ~ " အများကြီး ခေါ်ထားတာဘဲ.. "
Chaeအသံmessageနေရာလေးကို နှိပ်လိုက်တော့ .......
Tzu ~ " ကံကြမ္မာက Tzuနဲ့ chaeကို ရက်စက်တော့မယ် ထင်တယ်.."
Tzuရဲ့ပထမဆုံး စကားသံကြောင့် chaeကားကို လမ်းဘေးထိုးရပ်လိုက်၏..။
Tzu ~ " ဒီတစ်ခါ ကတိမတည်တဲ့သူက Tzuဖြစ်သွားပြီ .. တောင်းပန်ပါတယ် ...😭.. Tzuတို့ပြန်ဆုံနိုင်ပါတော့မလား .. ? .. ရှည်လျားတဲ့ ဒီဆောင်းဦးညတွေကို ပထမဆုံးအနေနဲ့ ဒီနေ့ အရမ်းမုန်းမိတော့မယ်ထင်တယ်.. အိမ်မက်ဆိုးတွေထဲကနေ chaeကို tzu နိုးထအောင်မလုပ်ပေးနိုင်တော့လို့ တောင်းပန်ပါတယ် .. Saranghae chae.. ကြောက်တယ် .. နင်နဲ့ခွဲရမှာကို ငါအရမ်းကြောက်တယ်.. နင့်ကို စိတ်ဒဏ်ရာတွေပေးပြီးထားခဲ့ရမှာကို အရမ်းကြောက်တယ် .. အရမ်းကြောက်တယ်.. chae . tzuကြောက်တယ်
.. ငါမရှိတော့ရင် တစ်ယောက်ထဲနေတတ်အောင် ကြိုးစားနော် .. အလုပ်တွေကြည့်ဘဲ လုပ်မနေနဲ့နော်.. Mon-Tue-Wed Daysတွေမှာ ရေပူမရဘူး.. ဒါကြောင့်မို့ ရေနွေးကိုသေချာ ဆပ်ချိုးနော်.. အပူမလောင်အောင် သတိထားနော် .. Dinnerပွဲတွေ ၊ Partyပွဲတွေသွားဖို့အတွတ် အဝတ်တွေကို ဒုတိယအထပ်မှာ ထားထားတယ်.. ခေါက်ဆွဲခြောက်ထုတ်တွေဘဲ ပြုတ်မစားနဲ့နော်.. အရံဟင်းတွေကုန်သွားရင် supermarketကိုတစ်ခေါက်လောက်တော့ သွားဖြစ်အောင်သွားပြီး နင် စားချင်တာလေးတွေ ဝယ်ပြီးချက်စားပါ.. စားပွဲပေါ်မှာဘဲ မှောက်အိပ်မနေနဲ့ ကုတင်ပေါ်မှာ သေချာအိပ်ပါ.. အိပ်ရာခင်းတွေ ၊ စောင်တွေ အသစ်လဲဖို့မမေ့နဲ့ .. အောက်ဆုံးအထပ်မှာ tzuလျှော်ပြီးထည့်ထား တယ်.. မိုးရွာတဲ့ရက်တွေမှာ ကားကိုအရမ်း မြန်မြန်မမောင်းနဲ့ နော်.. နှင်းတွေအရမ်းကျရင် လမ်းတွေလျှော်တတ်လို့ ကားbrakeကိုလဲ သေချာစစ်ပေးပါ..အိပ်ရေးပျက်လို့ မျက်ရိုးတွေကိုက်ရင် ဆေးသေတ္တာဘူးထဲမှာ ဆေးရှိတယ် .. ဆေးသောက်ဖို့ မပျင်းရဘူးနော် .. အလုပ်ကိစ္စနဲ့ ခရီးဝေးသွားစရာ တွေရှိရင် တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မှတ်စုအရင်ရေးပြီး သေချာတစ်ခုချင်းစစ်ထည့်နော်.. "
YOU ARE READING
PLEASE ,REMEMBER ME
FanfictionUni.+Zg. တစ်ချိန်က သူမရယ်သံလွင်လွင်လေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်မရဲ့ အိမ်လေးဟာ ဆောင်းညအလွန်မှာ တိတ်ဆိတ်သွားတယ်..။ သွေ့ခြောက်သွားတဲ့အိမ်ကလေးဟာ ကျွန်မ နှလုံးသားမှာ အပ်ကွဲရာတွေ တံဆိပ်ခတ်စေခဲ့တယ်..။ ဒီလိုနဲ့ဘဲ သူမ မရိွေ...