!Ting!
စာသင်နေရင်း messageဝင်လာသဖြင့် လွယ်အိတ်ထဲမှ phကို ဆရာမသိအောင် ထုတ်ရင်းခိုးဖတ်လိုက်သည်
*အိမ်နားက ဆောက်လက်စ အဆောက်အအုံကြီးနားမှာစောင့်နေမယ် ခုထွက်ခဲ့!*
ချစ်ရသူရဲ့ အမိန့်ဆန်ဆန် messageတစ်ကြောင်းကြောင့် စာသင်နေရင်းမှ ဆရာလွတ်တဲ့အချိန်ကို စောင့်ဆိုင်းကာ အပြေးလေးထွက်လာခဲ့သည်...
သော့ခတ်ထားတဲ့ စက်ဘီးနေရာကိုရောက်တော့ ချွေးပြန်သွားရသည်
လေမရှိတဲ့ ဘီးလေးကပြားလို့!
ချန်းစောင့်နေပါတယ်ဆိုမှပဲ!လေမရှိတဲ့ တစ်စီးထဲရှိသော စက်ဘီးလေးကို ပစ်ထားရင်း ခြေထောက်ကိုသာအသုံးပြုရင်း ချစ်ရသူရှိရာနေရာသို့ အပြေးသွားမိသည်..
အိမ်နဲ့ကျောင်းနဲ့က နီးနေလို့သာတော်သေးသည်...နီးတယ်ဆိုပေမယ့်လည်း စက်ဘီးနဲ့ဆိုရင် ၁၅မိနစ်လောက်စီးရပြီး လမ်းလျှောက်ရင်တော့ နာရီဝက်ကြာသည်...ပြေးလာလိုက်တော့လည်း နာရီဝက်မကြာသလိုပဲ! ဒါပေမယ့် မောတာတော့တော်တော်မောသည် ဆောက်လက်စဖြစ်နေတဲ့ အဆောက်အအုံကြီးနားသွားလိုက်တော့ ကျောက်ကြမ်းတွေခင်းထားတဲ့ လမ်းတစ်ဖက်မှာ ပီကေဝါးပြီး ကျောပေးထားတဲ့ ချန်းကိုတွေ့လိုက်ရသည်...
"ချန်း ငါရောက်ပြီ"
ရောက်ကြောင်းအသံပြုလိုက်တော့ ပီကေဝါးရင်း လှည့်ကြည့်လာတဲ့ ချန်းရဲ့ အကြည့်က စွဲမက်စရာ!
စွဲမက်စရာအကြည့်ရဲ့နောက်မှာ ကပ်ပါလာတာက လှောင်ပြုံးတစ်ခု!
"ရောက်လာပြီလား ဂျောင်ဆူး! ငါ့ဆီလာပါဦး "
ပြုံးရင်းပြောနေတဲ့ ချန်းကြောင့် ရင်ခုန်သံတွေကလည်း တားမရဆီးမရ! ချစ်ရသူရဲ့ စကားကို နားထောင်ရင်း ခြေလှမ်းလိုက်တော့...
"ခဏ! ဒီတိုင်းငါ့ဆီလျှောက်လာရင် ပျင်းစရာကောင်းမှာပေါ့! ဖိနပ်ချွတ်ပြီးလျှောက်လာခဲ့! "
" ဟင်! ဟိုလေချန်း ကျောက်တွေက ကြမ်း..."
" ကျစ် မင်းငါ့စကားနားမထောင်ဘူးလား ဒါဆိုလည်း.."