" အာ့း့ အာ့း့ နာလိုက်တာ လွှတ်တော့ဟ "
ထိုအသံအော်သံကိုကြားလိုက်ရသည်။ သူဆွဲထားသော လူ၏ဆံပင်ကို လွှတ်လိုက်သည် မျက်လုံးဖွင့်ကာစ မျက်စိကဝေဝေဝါးဝါးဖြင့် ဦးများလား မျက်လုံးကို ပွတ်ကာကြည့်မိတော့ ထိုလူဖြစ်နေပါ့လား။
ကမန်းကတန်း ထထိုင်လိုက်သည်။ ထိုလူ သူ့ဘေး မှာ ရှိနေသည်။ အစတုန်းက ငါအိပ်တာ ခြေကားလက်ကားနဲ့ပါ ဘာလို့ ဒီလို စောင်တွေခြုံထားတာလဲ ။ စောင်အောက် တစ်ချက်ကြည့်လိုက်တော့ ဘာမှဖြစ်မထားပေ။ထိုမှသာ သူစိတ်အေးရတော့သည်။"ဘာတွေရှာနေတာလဲ ပေါက်စ မင်းပစ္စည်းပျောက်ပြီမှတ်နေလို့ လိုက်ရှာတာလား
စိတ်ချပါ မင်းပစ္စည်းမပျောက်အောင် ကိုယ်ထိန်းသိမ်းပေးထားတယ် "ထိုလူက မျက်နှာပြောင်စပ်စပ်ဖြင့်ပြောသည်။ထိုအခါ ရှိုင်းဒေါသထွက်ရသည်။ နှုတ်ခမ်းကိုက် မျက်စောင်းထိုး လိုက်သည်။
"အမယ် အမယ် ပေါက်စလေးက မျက်စောင်းထိုးပြီး စိတ်ဆိုးတတ်တယ်ပေါ့ ဟား ဟား ဟား "
"ဘာ ပေါက်စလေး ဟုတ်လား ခများနော် စကားပြောတာကြည့်ပြော အခု ကျနော့်အခန်းထဲ ဘာလာလုပ်တာလဲ အခုထွက်သွား "
ထိုလူကို လက်နှစ်ဖက်ဖြင့်တွန်းထုတ်သည်။ထိုလူကလည်း ပေတီးပေကပ်ဖြင့် ထွက်မသွားပဲ သူ့ဘေးနားမှာပဲရှိနေသည်။
"ခများ မသွားရင် ကျနော်သွားမယ် နေခဲ့ "
"ဟိတ် ဟိတ် နေပါဦးကွ ငါပြောတာနားထောင်ဦးလေ "
"ဒါဆို ကျွန်တော့်လက်ကိုအရင်လွှတ်ပြီးမှပြော "
"အေ့း့ အေးပါ "
ထိုလူ ရှက်သွားပုံရသည်။အမယ် သူလည်းရှက်တတ်တယ်တော့ ။ စိတ်ထဲမှာ ကျိတ်ပြီး ရယ်နေမိသည်။
"ဘာပြောမှာလဲ ပြော ပြီးရင် ဒီအခန်းထဲကထွက်သွားတော့ "
"ထွက်သွားလို့မရဘူး "
"ဘာလို့ "
"မင်းနဲ့အတူအိပ်ချင်လို့ "
"ဘာ ပြောတယ် "
ရှိုင်း စိတ်ဆိုးကာ ထိုးလိုက်တော့သည်။
"အို့း့ "
YOU ARE READING
ကျွန်တော်ချစ်သော ဦး (My lovely Oo)
Romanceဦ့း့  လို့ခေါ်ရုံနဲ့ ကျွန်တော့်မှာလုံခြုံနွေးထွေးမှုတွေပြည့်နှက်နေသည့် ရင်ခွင်တစ်ခုကို အမြဲခံစားမိသည့့်  ဦ့  လို့စဉ်းစားရုံနဲ့ ကျွန်တော့ အတွေးတွေမှာနေရာယူထားတာလည်း ဦးအကြောင်းတွေ့  ဦ့း့  ရယ် ဒီဘဝက ဦးကိုချစ်ဖို့များ မွေးဖွားလာလေ...