သုတ : မေမေ သားသွားတော့မယ်..
သုတ'mar : အေးသားလေး ... ဂရုစိုက်နော်...
သုတ : ဟုတ်ကဲ့ မေမေ...
သုတ တစ်ယောက် ပထမဆုံးတက်ရမယ့်ကျောင်း
လေးဖြစ်ပေမယ့် စိတ်လှုပ်ရှားမှုအလျင်းမရှိ...
သီချင်းလေးညည်းရင်း BMWကားလေးကိုမောင်းကာ လမ်းကွေ့တစ်နေရာအရောက်..ရုတ်တရပ် အရှိန်နဲ့
စက်ဘီးတစ်စီးထွက်လာတာကြောင့် အရှိန်ကိုအလျင်အမြန်လျော့လိုက်ရပေမယ့် တစ်ဖက်က စက်ဘီးက အရှိန် မထိန်းနိုင်ကာ....." ကျိ...ဒုန်း...."
သုတ: ဟဲ့ရောင်မင်းသေချင်လို့လား.. ကားလာတာတောင်မမြင်ဘူးလားကွ...😠😠ဒေါသထွက်ထွက်နဲ့ လဲနေတဲ့ကောင်လေးကိုဆွဲထူလိုက်ပြီးကြည့်လိုက်တော့ ငိုမဲ့မဲ့ဖြစ်နေတဲ့ကောင်လေးကို ကြည့်ပြီး...
သုတး မင်း အဆင်ပြေရဲ့လား.... ဟာ မင်းခြေထောက်မှာ သွေးတွေထွက်နေတာဘဲ...
ဇွဲ : ရပါတယ် .... ကျွန်တော်ကိုသွားခွင့်ပြုပါအုံး..
စက်ဘီးကိုယူပြီး အတင်းထွက်သွားမယ်လုပ်တဲ့ ကောင်လေးကို သုတ နားမလည်စွာနဲ့ကြည့်ပြီး
ကောင်လေးရဲ့လက်ကို လှမ်းကိုင်လိုက်တယ်...သုတ : မင်းမှာဒဏ်ရာကြီးနဲ့လေ ....ဆေးခန်းသွားမှရမှာပေါ့...
ဇွဲ: ရတယ် ....ကျွန်တော် ဘာမှမဖြစ်ဘူး...
ကျွန်တော်သွားတော့မယ်...သူ့ကို တစ်ချက်တောင်မော့မကြည့်ဘဲ အကြောက်အကန် ငြင်းနေတဲ့ ကောင်လေးကို စိတ်မရှည်စွာနဲ့ကြည့်ပြီး ကောင်လေးရဲ့ လက်မောင်းနှစ်ဖက်ကို ဆုတ်ကိုင် လိုက်ပြီး သူနဲ့မျက်လုံးခြင်းဆုံအောင်ကြည့်လိုက်ပြီး နောက်
သုတ pov: သူ့မျက်လုံးမှာဘာလို့ကြောက်စိတ်တွေဖုံးနေရတာလဲ
သူဘာလို့တုန်နေရတာလဲ ....သုတး မင်းဘာဖြစ်နေတာလဲ ....မင်းတစ်ခုခုကိုကြောက်နေတာလား..
ဇွဲ : ကျွန်တော်ဘာမှမဖြစ်ပါဘူး..
ကျွန်တော်သွားတော့မယ်...စက်ဘီးကို အလျင်အမြန် ဆွဲယူကာ ထွက်သွားတဲ့ကောင်လေးနောက်ကျောကိုကြည့်ပြီး
အတွေးများစွာကျန်ခဲ့တဲ့ သုတ..စိတ်ထဲမှာ ကြောက်ရွံမှုရော စိတ်လှုပ်ရှားမှုပါ ရှိနေတဲ့ ဇွဲ...
မနက်ဖြန် ထပ်တင်ပေးပါ့မယ်
တိုသွားတယ်လို့တော့ထင်တယ်Next ep : သုတ: ဟင်...မင်းဟိုနေ့က ကောင်လေးမလား...
ဇွဲ : အ...အကို...