Part (8)

3.2K 133 0
                                    

Zawgyi

မနေ့ညက ကလေးပင်ပန်းသွားလို့ နို့ဆန်ပြုတ်ကျွေးခိုင်းတာကို Sushiပဲစားချင်တယ်ဆိုပြီးမှာစားတယ်တဲ့လေ ဒီကလေးကတော့ ကိုယ်နဲ့ တည့်မတည့်လည်းမသိပဲနဲ့ ဖေဖေနဲ့ မေမေက မနေ့က Hotelမှာသွားအိပိရတယ်တဲ့လေ ကလေးကတောင်းဆိုလို့တဲ့ တကယ်ရယ်ရတယ်နော် ကျွန်တော့ကလေးက အားလုံးကိုချုပ်ကိုင်နိုင်တယိဗျ
ရုံးရောက်တော့ပင်ပန်းပေမယ့်လည်း ကလေးနဲ့ ညပြန်တွေ့ရမှာပဲဆိုတဲ့စိတ်နဲ့ အလုပ်လုပ်နေလိုက်တယ်
*****Promise*****
မနေ့ကဒဏ်ကြောင့် နာနေပေမယ့်လည်း ကိုကို့ရုံးကိုမလိုက်သွားဖူးလို့ လိုက်သွားမိလိုက်တယ်

"မေမေ

"ပြောပါဦး သားလေးရဲ့

"ကိုကိုကော

"အလုပ်သွားတယ်လေ

"အဲ့ဒါဆိုလေ ဟိုလေ ကျွန်တော့ကိုကို့ရုံးကိုလိုက်သွားချင်တယ်

"ဟင် ထူးထူးဆန်းဆန်းပါလား သားသွားချင်ရင် Driverထည့်ပေးလိုက်မယိလေ

"ဟုတ်ကဲ့
**** Promise ***

ကျွန်တော်လည်းရုံးရောက်တော့ အားလုံးက ဘယ်ကကလေးလည်းဆိုပြီး စိတ်ဝင်တစားဖြစ်နေကြတယ် ကျွန်တော်လည်ူ ကိုကို့ရုံးခန်းကိုတန်းဝင်ခါနီး ကိုကို့စကားကြောင့်လက်ရပ်တန့်သွားတယ်

"အဲ့တော့ မင်းနဲ့မင်းကလေးအိပ်ပြီးပြီပေါ့

"အေးပေါ့ကွ

"ပိုင်တယ်ကွာ ဒါနဲ့ မင်းဘယ်လိုခံစားရလည်း

"မိန်းမတွေလောက်တော့မဆိုးပါဘူး

"ဟားဟား ငါတို့ထန်ထန် is back ဒါဆိုဒီည သွားကဲမလား

"သွားရင်ကောင်းမလား မသိသေးဘူး ငါ့ကလေးကိုမေးရဦးမယ်

"ဘာလို့

"သူ့ကိုချစ်လို့လေ သူနဲ့လက်ထပ်တာ feelဖို့မှမဟုတ်တာ ချစ်လို့လေ

"ဟဟ ဟုတ်ပါပြီကွာ

တိမ်မင်းယံနောက်ဆုံးပြောလိုက်တဲ့စကားကို ညီထက်နားမထောင်တော့ပဲ ထွက်လာခဲ့တော့တယ် သူ့အတွက်သူစားချင်မှာပဲဆိုပြီး အိမ်အကူတွေကိုတောင်မလုပ်ခိုင်းပဲ မနေ့ကနာနေပေမယ့်စေသနာနဲ့ လုပ်ပေးထားတဲ့မုန့်ကို လိုက်ပို့ပေးတဲ့ ရုံးဝန်ထမ်းလက်ထဲထည့်ပေးခဲ့လိုက်တယ်

PromiseWhere stories live. Discover now