Deer's Ko Ko

1.5K 151 3
                                    

🎄Deer's Ko Ko🎄
😚HunHan😚
🐋Ep-3🐋

ရက်​​တွေကြာလာ​တော့ ခနခနသူ့ဆီလာကာ သူ့လက်​သူ့​ခြေနဲ့ပြုစု​နေတဲ့လုဟန်​ကို ဆယ်​ဟွန်းမငြင်းနိုင်​​တော့​ပေ.. လက်​​မြှောက်​အရူံး​ပေးလိုက်​ရ​တော့သည်​။

ဆယ်​ဟွန်းကိုယ်​တိုင်​သည်​လဲ လုဟန်​အ​ပေါ်သံ​ယောဇဉ်​တွယ်​လာသည်​ဆိုရမည်​။ လုဟန်​​ကျောင်းဖွင့်​လို့ ​ကျောင်းသွားတဲ့ရက်​​တွေဆို ​ဆယ်​ဟွန်း​မျှော်​​နေတတ်​ခဲ့သည်​။

အရင်​လိုလဲမဟုတ်​​တော့.. ​ပြောင်းလဲလာခဲ့သည်​။ဆယ်​ဟွန်းအပြုံး​တွေ​တောက်​ပလာသည်​။ရည်းစား​ဟောင်းကို​မေ့နိုင်​ခဲ့​လေပီ..

လုဟန်​က ဆယ်​ဟွန်းကိုအရမ်းဂရုစိုက်​​ပေးသည်​။လုဟန်​ဆိုတာ ဆယ်​ဟွန်းအတွက်​ ​မှောင်​​နေတဲ့ဘ၀ကိုအလင်း​ပေးသူပင်​..

"ဆယ်​ဟွန်း မင်းအရင်​လိုမဟုတ်​​တော့ဘူး.. တကယ်​ကိုစိတ်​သစ်​လူသစ်​နဲ့ဖြစ်​လာပီ.. မင်းကိုမြင်​ရတာ ငါတကယ်​စိတ်​ချမ်းသာတယ်​သူငယ်​ချင်း.. "

"ငါတကယ်​ဘဲ​ပြောင်းလဲ​နေပီလား?"

"ဟုတ်​တယ်​.. မင်းနှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးတတ်​လာပီ.. မင်းကအမြဲတက်​ကြွ​နေတတ်​ပီ.. "

"အင်း ငါလဲအရင်​လိုမဟုတ်​​တော့ဘူးဆိုတာ​တော့သိပါတယ်​.. ငါ မ'ကိုလုံးဝ​မေ့နိုင်​ခဲ့ပီ.. "

"မင်း လုဟန်​ကိုချစ်​​နေပီလား?"

"အင်း ထင်​တာဘဲ"

"ထင်​တာဘဲမလုပ်​နဲ့​ဟျောင့်​​ရေ.. ချစ်​ရင်​လဲဖွင့်​​ပြောလိုက်​ ​ကောင်​​လေးက မိန်းက​လေးရူံး​အောင်​​ချောတာ.. ဟို​နေ့က​တောင်​ ​လုဟန်​ကိုလူတ​ယောက်​အသည်းအသန်​လိုက်​ပီးအ​ဖြေ​တောင်း​နေတာ ငါနဲ့​တွေ့လို့​တော်​​သေးတာ.. "

"ဟင်​ ဟုတ်​လား?"

"​အေး.. အသည်းအသန်​အ​ဖြေလိုက်​​တောင်း​နေတာတဲ့ သူကလဲကားမပါဘဲပလာဇာမှာ​ဈေးဝယ်​တာ ငါနဲ့တိုးလို့ငါ​ခေါ်ခဲ့လိုက်​တာ.. ဟို​ကောင်​က​ကျေနပ်​ပုံမ​ပေါ်ဘူး အဲ့​ကောင်​က လုဟန်​ကိုအ​သေအလဲ​ကြွေ​နေပုံကွ.. တခါတ​လေ လုဟန်​တို့ခြံ​ရှေ့မှာ​တွေ့ရတယ်​"

Deer's Ko Ko (Zawgyi+Unicode)Wo Geschichten leben. Entdecke jetzt