He is My TeeTee ( One Shot )
သူသည် အလွန်ကြည့်ကောင်းလွန်းပါသည် နတ်သားလေးတစ်ပါးကဲ့သို့ပင် ခန့်ညားသော သူတစ်ယောက် ဖြစ်ပါသည် အပြစ်ပြောစရာမရှိတဲ့ အသားရည်ရယ် မျက်လုံး မျက်ခုံး ကောင်းကောင်းနဲ့ ကြည့်ကောင်းသူပါ သူက ဆေးကျောင်းသားတစ်ယောက် သူ့ကို ကျတော်က " TeeTee " ဟုခေါ်သလို သူ့ရဲ့ သူငယ်ချင်းများက " Tee " ဟု ခေါ်ကြသည် သူ့နာမည်အရင်းက " Tee Thanapon Jarujitranon " ဖြစ်သည်
ကျတော် တက္ကသိုလ်ဝင်းအတွင်းသို့ ကျောင်းပေါက်ကနေ လမ်းလျှောက်ဝင်လာခဲ့သည် ကျောင်းထဲဝင်လာသောအခါ ခုံတန်းလေးများတွင် ချစ်သူစုံတွဲများ သူငယ်ချင်းများနှင့်ထိုင်ပြီး စကားပြောနေသူများလည်းရှိနေသည် ကျတော့်ရှေ့မျက်နှာချင်းဆိုင်တွင် TeeTee သည် စာအုပ်ကိုလက်မှာကိုင်ပြီး စတိုင်လ်ကျကျ လမ်းလျှောက်လာလေသည် အမှတ်မထင် တိုက်သောလေကြောင့် သူ့ဆီက ကိုယ်သင်းနံ့ သင်းသင်းလေးရလိုက်ပါသည် မွှေးလိုက်ပါဘိ...
ကျတော်ကြည့်နေတဲ့ လှပသောမြင်ကွင်းထဲသို့ အဖျက်သမားတယောက် ဝင်ရောက်လာခဲ့ပါသည် ခပ်ချောချောကောင်တယောက် TeeTee ကို စကားလိုက်ပြောနေခြင်းဖြစ်သည် TeeTee သည် ပြုံးလည်းမပြုံး စကားလည်းပြန်မပြောပဲ သူ့လမ်းသူသာလျှောက်နေလေသည် ထို့နောက် TeeTee သည် ကျတော့်ကို မြင်သွားပြီး ဝမ်းသာစွာဖြင့်...
" P' Tae " ဟုလှမ်းခေါ်သည်" TeeTee ဘယ်သွားမလို့လဲ "
" အတန်းပြီးလို့ အဆောင်ပြန်တော့မလို့ P' Tae.
မနက်က Kit နဲ့တူတူလာတာ သူကနေလို့မကောင်းလို့ ပြန်သွားလေရဲ့..."ဘေးကကောင်က ကျတော့်ကို ဝါးစားတော့မလို ကြည့်နေသည် ကျတော်ကလည်း သနားစရာကောင်လေးပါလား ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်လိုက်သည်
" TeeTee ပြန်မယ်ဆို P' လိုက်ပို့မယ်လေ "
" ဟုတ် ကောင်းသားပဲ P' အကြိုက် မုန့်ပြန်ကျွေးမယ်လေ "
" အင်း ဒါဆို သွားမယ်လေ "
အောင်နိုင်သူအပြုံးနဲ့ ဟိုကောင့်ကိုကြည့်လိုက်ပြီး TeeTee ဘေးကနေယှဉ်လျှောက်လာခဲ့သည် ဟိုကောင်ကတော့ ခေါင်းငိုက်စိုက်ပြီး ပြန်လှည့်သွားလေသည်
YOU ARE READING
He is My TeeTee
FanfictionTaeTee ( One Shot ) စကားပြောကောင်း စူးရှသောအကြည့် ယောကျာ်းပီသသော ပုံစံများနှင့် ကျတော့်ရင်ထဲ စတင်ဝင်လာသူက P' ပါ သူက အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသား သူကျတော့်ကို ချစ်တယ်တဲ့... Tee နတ်သားလေးတစ်ပါးကဲ့သို့ပင် ခန့်ညားသော သူတစ်ယောက် အပြစ်ပြောစရာမရှိတဲ...