🐰전🐰

1.6K 59 2
                                    

"ကလေး.....ဆေးသောက်မယ်လေနော်"


"ဟင့်အင်း.....Jeon ဆေးကခါးတယ်
သောက်ချင်ဘူး "

အဲ့လိုပြောလိုက်တော့ Jeon ရဲ့
မျက်နှုာညိုးကျ သွားတယ်
တောင်းပန်ပါတယ်...ကလေးကြောင့်


"အွန်းပါ....ကလေးက ကိုယ့်ကို မေ့ပီးပဲ
အမြဲနေသွားချင်တာပေါ့
ကိုယ်က...ကလေးကိုချစ်တဲ့အတွက်
ကလေးသဘောအတိုင်းပဲ...."


ကြည့်အဲ့လိုပဲ...ဘာမှန်းမသိပဲ
ဇွတ်ပြောတာ
သူခံစားရမှာကိုမတွေးပဲ
ကလေးသဘောတဲ့...


"Jeon.... ကလည်းကွာ...ဆေးကခါးတယ်လို့ 
ပြောတာကိုဟွန့်  ဆေးသောက်ပီးရင်
ချို ချဉ်ကျွေးပေါ့လို့ ပြောတာကို...စိတ်ကြီးပဲ"



"ချို ချဉ် မလိုပါဘူးကလေးရဲ့...ကိုယ့်ရဲ့
နှုတ်ခမ်းချို ချို လေးရှိတာပဲကို"


"ဟာ.....Jeon ကွာ"



"ဟဟ...."



ရယ်သံလေးတေနဲ့ ပြည့်နက်သွားတဲ့
ချစ်စရာထိုအခန်းငယ်လေး






Jeon's pov,


အရေးကြီး meetingရှိလို့  company ကို
လာခဲ့ရပေမဲ့ကလေးကိုစိတ်မချ
ဆေးမသောက်မှာစိုးရိမ်ရသည်


Alzheimer's က ဖြစ်ခါစဆိုတော့
အကျိတ်သေးသေးလေးပဲရှိသေးတယ်တဲ့
ပေးတဲ့ဆေးကိုသာပုံမှန်သောက်ပီး
လူနာကိုစိတ်ပျော်အောင်လုပ်ပေးရင်
ရောဂါကသူ့ အလိုလိုပျောက်သွားနိုင်တယ်
ဆရာဝန်က ပြောတဲ့စကားတေကြောင့်
ကလေးကို...အရင်ကထက်ပိုဂရုစိုက်ဖြစ်တယ်



ဒါပေမဲ့...ကလေးဆီမှာ...ရောဂါ
လက္ခဏာမတွေ့ ရသေးတာတော့
ထူးဆန်းတယ်





Company မှာ ဖုန်း screen ပေါ်က
ကလေးရဲ့ စိတ်ကောက်ကာနှုတ်ခမ်း
ထော်နေတဲ့ပုံကိုကြည့်ပီး
ကိုယ့်မျက်နှာအလိုလိုပြုံးမိတယ်
သိပ်ချစ်တယ်ကလေးရယ်
ဟင့်အင်း....မြတ်နိုးတာကလေးရဲ့





*You make me begin *

အတွေးတို့ ဆီနှစ်မြောနေစဉ် ဖုန်းသံဝင်လာ
တော့....*မြတ်နိုးရပါသော ကလေး*



"Hello.... ကလေးပြောလေ "



"Ya... Jeon Jungkook လူကိုဘာကလေး
လည်း...သေချင်လို့ လား အဖြေတောင်ပြန်
မပေးရသေးဘူးနော်...ရုတ်ရုတ်ရုတ်ရုတ်လာ
မလုပ်နဲ့ ....မလာသေးဘူးလား ခုထိ
စောင့်နေတာကြာနေပီနော်"




"ဘယ်ကိုလာရမှာလည်းကလေးရဲ့..."




"ခေါ်ပြန်ပီဒီကလေး....3နှစ်ကျော်ပဲကငယ်
တာ...မခေါ်နဲ့ အဲ့လို.... Haesang Park မှာလေ.....15မိနစ်အတွင်းလာ...မလာရင်
အဖြေမပေးဘူး"




ပြောပီးတာနဲ့ ဖုန်းတန်းချသွားသောကလေး
Haesang park မှာ
အဖြေပေးမို့ 
ဟုတယ်...ဒီနေ့ က...ကလေးကိုယ့်ကိုအဖြေ
ပေးခဲ့တဲ့နေ့ ပဲ...ဒါပေမဲ့
အဲ့ဒါ လွန်ခဲ့တဲ့ 5နှစ်ကျော်ကိစ္စ ကလေးက...





အမြန်နှန်းနဲ့ ကလေးဆီကို
ရောက်အောင်သွားမိတယ်
ဟိုရောက်တော့....ကလေးကထိုင်ခုံပေါ်
မှာ...ခေါင်းငိုက်စိုက် ထိုင်နေတယ်



"Ya.... Jungkook နင်မလာတော့ဘူး
ထင်နေတာ....အရမ်းချစ်တယ်...Jeon
အရမ်းချစ်တယ်"



ချစ်တယ်ဟုပြောကာ...ပြေးဖက်လာသော
ကလေးငယ်


"ကလေးကိုယ်မေးတာအရင်ဖြေ
ကလေးအခုအသက်ဘယ်လောက်လဲ"



"21လေလို့ မသိဘူးလားဒါလေးတောင်"


"ကိုယ်ကရော "


"24လေလို့ "



"ကလေးရယ်"


ကလေးကိုတင်းကြပ်နေအောင်
ဖက်ထားမိတယ်
ကလေးက....ကလေးက လွန်ခဲ့တဲ့5နှစ်ကျော်က
အချိန်ကိုပြန်ရောက်သွားသည်ပဲ


"ကလေး......ဘလိုဖြစ်တာလဲကလေးရယ်"




"ဟင့်....Jeon "



ပြန်လည်ဖက်လာသော ကလေးလေး
မျက်ဝန်းထက်မှာလည်းမျက်ရည်တေအပြည့်
ကလေးကိုယ်လေးကိုတင်းနေအောင်
ပြန်ဖက်ထားပေးရင်း



"ဘလိုဖြစ်တာလဲ...ကလေး"



"....ဟင်...ကလေးမသိဘူး...Jeon ဒီကိုဘလိုရောက်နေ
မှန်း...ဟင့်....ဘယ်အချိန်လာလိုက်မှန်းလဲ
မသိဘူး.....ဘာဖြစ်သွားသေးလည်းလဲ
ကလေး...ကျန်းမာရေးက...."



ကလေးပြောမဲ့စကားတေကို
ဆက်နားထောင်နိုင်စွမ်းမရှိတော့ပါ
နှုတ်ခမ်းထပ်အနမ်းတစ်ပွင့်ခြွေပီးနောက်



"ကလေး...ဘလိုပဲဖြစ်နေဖြစ်နေ
ကိုယ်က...ဆက်ချစ်နေမှာ
ကလေးကျန်းမာရေးကိုလည်း...ကိုယ့်ရဲ့
စစ်မှန်တဲ့အချစ်နဲ့ ပျောက်အောင်ကုပေးနိုင်ပါ
တယ်...ကလေးသာ..ကိုယ့်ရင်ခွင်ထဲမှာ အမြဲခို
ဝင်နေရင်ရပီ..."


"သိပ်ချစ်တယ် Jeon ရယ်"



"ကိုယ်ကပိုချစ်တယ်ဆိုရင်ကော"




"Jeon သဘော"




___________________💜_________________

1058words
21.2.2019(9;59am)

Alzheimer's ကြောင့်
ခုလက်ရှိဘဝကိုမေ့ပီးငယ်ငယ်တုန်းက
အချိန်ကိုပြန်ရောက်သွားတာတကယ်ပါနော်
ကိုယ်စာအုပ်ထဲမှာဖတ်ဖူးလို့ ပါ

🐰JEON🐰(Complete)Where stories live. Discover now