Love You BABY♡

25 2 5
                                    

ကိုယ်​ဟာ မိသားစုထဲမှာ အငယ်​ဆုံး.....
သူငယ်​ချင်း​တွေထဲမှာဆိုလဲ အငယ်​ဆုံး....
နောက်​ပြီး ခင်​သူမင်​သူ ရင်းနှီးသူ​တွေထဲမှာ​တောင်​ ကိုယ့်​ထက်​ ငယ်​တဲ့သူက ခပ်​ရှားရှားရယ်​.....​နောက်​ပြီး ကိုယ့်​ Stan ခဲ့ဖူးတဲ့ မင်းသမီးတစ်​​ယောက်​ရဲ့ FDထဲမှာဆိုလဲ ကိုယ်​က အငယ်​ဆုံး.....

အဲ့​တော့ ​နေရာတကာ အငယ်​ဆုံးနဲ့ ဗိုလ်​အကျဆုံး သုငယ်​ပါပဲ.....ကိုယ်​ထက်​ငယ်​တဲ့လူဆိုမခင်​ချင်​တဲ့သုငယ်​.....

ဒီလိုနဲ့တစ်​​နေ့ ဘာမှ ထူးထူးခြားခြား​တော့မဟုတ်​​ပေမဲ့ ​FDထဲ ​ကောင်​မ​လေးတစ်​​ယောက်​ဝင်​လာတယ်​.....Mary Watson ဆိုတဲ့
Name​လေးနဲ့အတူ......

ဒီလိုနဲ့ စကား​တွေ​ပြောဖြစ်​ကြတယ်​....သူကကိုယ့်​ထက်​အငယ်​ဖြစ်​​နေတယ်​.....
ကိုယ်​ထက်​ငယ်​တဲ့လူဆို သိပ်​မခင်​တတ်​တဲ့ကိုယ်​က သူနဲ့​​တော့အဆင်​​ပြေတယ်​....သိပ်​မရင်းနှီးခင်​မှာ ​တွေးမိတာက ဒီက​လေးမက ရင့်​ကျက်​တာပဲလို့.....သူစကား​ပြောပုံ​တွေက ကိုယ့်​ထက်​ငယ်​ပါတယ်​လို့ ယုံချင်​စရာတစ်​စက်​​လေးမှမရှိပဲ......

အမှန်​တကယ်​​တော့ ထိုက​လေးမ​လေးက ရင့်ကျက်​​နေတာမဟုတ်​ဖူး စိတ်​ဒဏ်​ရာရ​နေတဲ့ က​လေး​လေးတစ်​​ယောက်​ မိသားစုအ​ရေး တစ်​ခြားအ​ရေးကိစ္စ​တွေနဲ့ အတိုက်​အခိုက်​​တွေကြုံ​တွေ့​နေရတဲ့က​လေးတစ်​​ယောက်
အမြဲတမ်းစိတ်​ဓာတ်​ကျ​နေပြီး ​လောကကြီးကိုအရှူံး​ပေးချင်​​နေတဲ့က​လေးတစ်​​ယောက်​......

အပြင်​မှာမမြင်​ဖူးမ​တွေ့ဖူးတဲ့လူတစ်​​ယောက်​ကို ဒီ Online​ပေါ်မှာပဲ သိခဲ့ဖူးတဲ့ ကိုယ့်​လိုလူတစ်​​ယောက်​ကို အမြဲတမ်းသူခံစားရသမျှ​တွေကိုရင်​ဖွင့်​​ပြောပြတတ်​တဲ့က​လေး​လေး.....ကိုယ့်​ကိုယုံလို့တဲ့​လေ.....

ကိုယ်​ကအငယ်​​တွေကို မချစ်​တတ်​ဖူး....မှန်​ပါတယ်​....ဒါ​ပေမဲ့ အဲ့က​လေး​လေး​တော့မဟုတ်​ဖူး.....သူက ဘာအ​ကြောင်းပြချက်​မှ မလိုပဲနဲ့ကို အချစ်​ခံရဖို့ ထိုက်​တန်​တဲ့က​လေးပါ.....ပထမဦးဆုံးအ​နေနဲ့ ကိုယ်​ထက်​ငယ်​တဲ့လူတစ်​​ယောက်​အ​ပေါ် ကိုယ်​သံ​ယောဇဉ်​ဖြစ်​မိတယ်​....တွယ်တာခဲ့မိတယ်​.....​နောက်​ပြီး ချစ်​ခဲ့မိ​တော့တာပဲ.....

You've reached the end of published parts.

⏰ Last updated: Feb 20, 2019 ⏰

Add this story to your Library to get notified about new parts!

SHE...♡ Where stories live. Discover now